ငါးစင်းကောချဉ်စပ်သုပ်

 


ပါဝင်ပစ္စည်းများ

  • ငါးသလောက် – အသားလွှာထားပါ
  • ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်
  • သံပုရာရည်
  • ကြက်သွန်ဖြူ အမွှာကြီး – ၂ မွှာ
  • ငရုတ်သီးစိမ်း – ထမင်းစားဇွန်း ၂ ဇွန်းခန့်
  • မျှင်ငါးပိ – ကြက်အောင်ဖုတ်ထားပါ
  • စပါးလင်အနု – ပါးပါးလှီးထားပါ
  • ရှောက်ရွက် – ပါးပါးလှီးထား
  • ကြက်သွန်နီ – ပါးပါးလှီးကာရေဆေးထားပါ
  • ငရုတ်သီး အလှော်မှုန့်


ပြုလုပ်နည်း

1. ငါးအသားလွှာကို ပုံပါအတိုင်းပါးပါးလှီးကာ ဆားဖြင့် ဖွဖွနယ်ပါ။

2. ငါးများအားလုံးနီးပါး မြှုပ်အောင် သံပုရာရည်ထည့်ပြီး အသားကျက် (အဖြူရောင်ပြောင်း) သွားအောင် အနည်းဆုံး ၂ နာရီခန့် စိမ်ထားပါ။ ( ၁ နာရီခန့်ကြာလျှင် အသားများ အကျက်ညီစေရန် အပေါ်အောက် ဖွဖွလှန်ပေးပါ။)

3. ငရုတ်သီးစိမ်း နှင့်  ကြက်သွန်ဖြူကို ပိုမိုမွှေးစေရန် အနည်းငယ်တူးအောင် လှော်ပေးပြီး  ငရုတ်ဆုံဖြင့်မထောင်းပဲ လက်ကို လက်အိတ်စွပ်ပြီး ဖိချေထားပါ။ (လက်အိတ်အသုံးပြုရန် အဆင်မပြေပါက ကြွတ်ကြွတ်အိတ်စွပ်ပြီး ဖိချေပေးနိူင်ပါတယ်။)

4. ငါးကျက်လျှင် ပါဝင်ပစ္စည်းများအားလုံး ဇလုံထဲထည့်ကာ ဖွဖွနယ်သုပ်ပြီးနောက်၊ချဉ်စပ်မွှေးပျံ့ကာ စားကောင်းလှသော ငါးစင်းကော ချဉ်စပ်သုပ်လေးအရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။



No comments:

Post a Comment

@templatesyard