ရှူးရှူးရှဲရှဲဝက်လက်စွပ်ပြုတ်


 
ပါဝင်ပစ္စည်းများ
  • ဝက်လက် ၁ချောင်း (၅၀သားခန့်)
  • ဆား အနည်းငယ်
  • သကြား ၁ဇွန်း(သေး)
  • နာနတ်ပွင့် ၁ပွင့်
  • ခရုဆီ ၁ဇွန်း(သေး)
  • ပဲငံပြာရည်အနောက် အနည်းငယ်
  • ငရုတ်ကောင်း အနည်းငယ်
  • နှမ်းဆီမွှေး အနည်းငယ်
  • ကြက်သွန်မိတ် ၃ပင်
  • ထိုက်ဝမ်မုန့်ညှင်း ၂ပင်
  • မုန့်ညှင်းစိမ်း ၂ပင်
  • ကြက်သွန်ဖြူ ၄မွှာ
  • ဂျင်း ၂ပြား
  • မှို
ချက်ပြုတ်နည်း - ၁
 
1. ဝက်လက်ကို အတုံးကြီးကြီးတုံး အမွှေးအမျှင်များသေချာသန့်စင်ရေဆေး၍ ရေစစ်ထားပြီး ဆား၊ငရုတ် ကောင်း ပဲငံပြာရည် ဇွန်းသေး ၁ ဝက်ထည့်နယ်ထားပါ။
 
2. ဆီဇွန်းသေး ၁ဇွန်းခန့်ထည့်ပြီး သကြားထည့်မွှေကာ နယ်ထားသော ဝက်လက်ထည့်၍ ၃မိနစ်ခန့်မွှေ၍ချပါ။
  Pressure Cookerထဲသို့ ကြက်သွန်ဖြူ ဂျင်း ဓားပြားရိုက် ခရုဆီ နာနတ်ပွင့် ပဲငံပြာရည် ဇွန်းသေး ၁ ဝက် ငရုတ်
ကောင်းစေ့ ၃စေ့ခန့်ထည့်၍ ဆူအောင်တည်ပါ။ ဆူလာလျှင် ဝက်လက်ကို ဆီစစ်၍ အိုးထဲထည့်၍ မိနစ် ၄၀/၄၅ မိနစ်ခန့် တည်ပါ။
 
3. ရလျှင် ထိုင်ဝမ်မုန့်ညှင်း၊မုန့်ညှင်းစိမ်း၊ နှမ်းဆီမွှေးထည့်၍ချပါ။ ကြက်သွန်မြိတ်ပါးပါးနှင့် ငရုတ်ကောင်းထည့် လိုက်ပါက မွှေးပျံအရသာရှိလှတဲ့ ဝက်လက်စွပ်ပြုတ်ကို သုံးဆောင်နိုင်ပါပြီ။
(ချဉ်စပ်ကြိုက်ပါက ငရုတ်သီးစိမ်းနှင့် သံပုရာသီး ထည့်၍ သုံးဆောင်နိုင်ပါတယ်။)

____________________________________________________________________________________

ချက်ပြုတ်နည်း -၂

1. ဆိုင်ကခုတ်ပေးလိုက်သည့် ဝက်လက်များကို ရေသန့်စင်အောင်ဆေးပြီး ဆား၊ဟင်းခတ်မှုန့် (Dashi)၊ ပဲငံပြာ ရည်အကြည်၊ပဲငံပြာရည်အနောက်သင့်ရုံထည့်ပြီး နယ်ထားလိုက်ပါ။
 
2. ကြက်သွန်ဖြူ ၂ လုံးအခွံခွာ၊ ဂျင်း ပါးပါးလှီးထားပါ။ ငရုတ်ပွ ၃ တောင့်ထန်းလျက် ၂ လုံး (အသေး၊ တရုတ်နံနံ
ကြက်သွန်မြိတ် အားလုံးအသင်ပြင့်ထားလိုက်ပါ။
 
3. ဒယ်အိုးပူပြီဆို ဆီအနည်းငယ်ထည့် ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွ (အစေ့ထုတ်ပြီးသား) ထည့်ပြီးဆီသတ်ပါ ၊မွှေးလာပြီဆိုရင် နယ်ပြီးသား ဝက်လက်တွေထည်ပါ၊ ထန်းလျက်ထည့် (သကြားထက် အချိုပိုလေးတယ်)
အားလုံးရေခမ်းသည်အထိဆီသတ် ပြီးရင် ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ချက်ပါ။
 
4. ပထမတစ်ရေအနေတော်ကျပြီဆို နောက်တစ်ရေထည့် ကိုယ်လိုချင်သလောက်ရေအနေလေးရပြီဆို ချလို့ရပါပြီ။ (ဝက်လက်က အရမ်းနူးပျော်သွားရင်လဲ စားမကောင်းပါ၊ အနေတော်နူးပြီဆို ချပါ။
 
5. ကိုယ်စားမယ့် ဟင်းထည့်ပုဂံထဲ ကျက်ပြီးသား ဝက်လက်ဟင်းရည်ပူပူလေး ခပ်ထည့် ၊ တရုတ်နံနံ ကြက်သွန်မြိတ်၊ ငရုတ်သီးစိမ်းစားနိုင်ရုံ (၂) တောင့်ခန့်ပါပါးလှီးထည့်၊ ငရုတ်ကောင်းမှုန့်ထည့်၊ သံပုရာရည် ညစ်ထည့် ပြီးရင် လျှာလည်သွားစေမယ့် ရှူးရှဲဝက်လက်ဟင်းပွဲလေးရပါပြီ။



No comments:

Post a Comment

@templatesyard