လက်ဖက်ရည်ဖျော်နည်း (၄ ခွက်စာ)


လက်ဖက်ရည်မှာ ပါတာက အဖန်ရည်ရယ်၊ နို့စိမ်းရယ်၊ နို့ဆီရယ်ပါ။ တချို့က နွားနို့နဲ့လုပ်ကြတယ်။ နွားနို့နဲ့လုပ်တဲ့လက်ဖက်ရည်က မြန်မာပြည်ကနဲ့သိပ်မတူပါဘူး။ အဲ့တာကြောင့် ဆိုင်တွေကလို သောက်ချင်ရင် နို့စိမ်းနဲ့ပဲဖျော်ပါ။ လက်ဖက်ရည်ကို ချက်ချင်းသောက်မယ်ဆိုရင်တော့ အခုလိုဖျော်နိုင်ပေမယ့်။ နောက်ရက်ကော သောက်ရန် အတွက်သိမ်းထားမယ်ဆိုရင်တော့ နို့စိမ်းကို ပွက်အောင်အရင်တည် ပြီးရင် နို့စိမ်းထဲကို နို့ဆီထည့် ပြီးမှ အဖန် ရည်နဲ့ရော ရင် ၃ ရက် ၄ ရက်လောက်အထိ ရေခဲသေတ္တာထဲ ထည့်ပြီး ပြန်နွှေးရင် သောက်လို့ကောင်းပါတယ်။

ပါ၀င်ပစ္စည်းများ

  • လက်ဖက်အချိုခြောက် - ထမင်းစားဇွန်း ၄ ဇွန်း (ဖန်တာကြိုက်လျှင် ၁ ဇွန်းပိုထည့်ပါ။)
  • နို့စိမ်း
  • နို့ဆီ
  • မလိုင် (ရှယ်သောက်ချင်ရင်တော့ ထည့်ပါ။)
  • ရေ - ၂ လီတာ


ပြုလုပ်နည်း

၁။ အိုးတခုထဲကို လက်ဖက်အချိုခြောက်နှင့် ရေတလီတာအရင် ထည့်ပြီး အိုးတွင် ရေအမှတ်ကို မှတ်ထားပါ။ ထို့နောက်နောက်ထပ်ရေတလီတာထည့်ပြီး မီးဖိုပေါ်တွင် မီးအေးအေးဖြင့် အဖန်ရည် နှပ်ပါ။ (အမြန်လုပ်ချင်ရင် ၁၅ မိနစ်နဲ့နှပ်လဲရပါတယ်။ အမြန်လိုချင်ရင် လက်ဖက်အချိုခြောက်ကို ထမင်းစားဇွန်း ၆ ဇွန်းထည့်ပြီး မီးပြင်းပြင်းဖြင့်တည်ပါ။) တချို့က အ၀တ်နဲ့လက်ဖက်အချိုခြောက်ကို ထုတ်ပြီးတော့ နှပ်ပါတယ်။ ဒီအတိုင်းနှပ်ပြီးမှ ရေစစ် နဲ့စစ်ယူလည်းရပါတယ်။
၂။ အဖန်ရည် ကောင်းကောင်းလိုချင်ရင်တော့ တစ်နာရီလောက် နှပ်ပါ။ (ပိုကြာကြာနှပ်ရင်လဲကောင်းပါတယ်။) အိုးမှာမှတ်ထားတဲ့ရေအမှတ်အောက် မရောက်အောင် ရေကို ဖြည့်ဖြည့်ပေးပါ။ ၁ နာရီလောက် နှပ် အပြီး မှတ်ထားသော ရေတလီတာအကျန်မှာ မီးဖိုပေါ်မှချပါ။
၃။ လက်ဖက်ရည်ပုံမှန်ခွက် (240ml) တခွက်ဖျော်ရန်အတွက် နို့စိမ်း ထမင်းစားဇွန်း ၃ ဇွန်း ကို ခွက်ထဲ အရင်ထည့်ပါ။ ပြီးမှ အဖန်ရည်ကို ရေစစ်ဖြင့် စစ်၍နို့စိမ်းအပေါ်မှခွက်ထဲကို ဖြည့်ထည့်ပါ။ နို့ဆီ လက်ဖက် ရည်ဇွန်း ၁ ဇွန်း (သို့) ၁ ဇွန်းခွဲထည့်၍ မွှေပါ။
၄။ လက်ဖက်ရည်ဆိမ့်ဆိမ့်လေးကို မလိုင်ဖတ်လေးထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

Party အတွက် လက်ဖက်ရည်ဖျော်မည်ဆိုလျှင်

၁။ လက်ဖက်ရည်အချိုခြောက် ထမင်းစားဇွန်း ၁၂ ဇွန်းကို ေ၇ ၄ လီတာ ဖြင့် အထကပါနည်းအတိုင်းရေ ၄လီတာ လျော့သွားရင် ထပ်ထပ်ဖြည့်ပြီး နှပ်ပေးပါ။ (5 L အိုးဖြင့် နှပ်ပါ။)
၂။ ပြီးလျှင် ရေစစ်ဖြင့် စစ်ပါ။
၃။ ၅ လီတာ ဆန့်တဲ့အိုးထဲမှာ အဖန်ရည်ထည့်၊ နို့စိမ်း ၂ ဗူး ကို ထည့် ၊ နို့ဆီဗူး တ ၀က် (သို့) တဗူး ကို ထည့်၍ ဖျော်နိုင်ပါတယ်။

မှတ်ချက်။ ။ လက်ဖက်အချိုခြောက်ကို အိန္ဒိယကုန်ပစ္စည်းရောင်းတဲ့ ဆိုင်တွေမှာလဲရနိုင်ပါတယ်။ Lipton Tea အထုပ်ကိုလည်း အသုံးပြုနိုင်ပါတယ်။


No comments:

Post a Comment

@templatesyard