ထိုင်းပင်စိမ်းကြော်(ဖက်ကဖောင်း)

 
ပင်လယ်စာ၊ ငါး၊ ကြက်သား၊ ဝက်သား၊ အမဲသားကြိုက်နှစ်သက်ရာကို အသုံးပြုနိုင်ပါသည်။ 
 
ပါဝင်ပစ္စည်း 

  • ကြက်သား (သောက်သောက်စင်းထားပါ)
    ကြက်သွန်အဝါ ( တရုတ်ကြက်သွန်)
    ငရုတ်သီးအနီ
    ကြက်သွန်ဖြူ
    ငရုတ်သီးအစိမ်း
    ကဖောင်းရွက် (ပင်စိမ်း) ၁၀ ရွက်
    ဆီ
    ခရုဆီ
    ပဲငံပြာရည်အမဲ
    ဆော့
    သကြား (ကြိုက်ရင်ထည့်ပါ)
    ကြက်သားဆွတ်ပြုတ်ရည်
    တွဲစားဖို့ သခွါးသီး ပါးပါး နဲ့ ငံပြာရည်ဆော့


ပြုလုပ်ပုံ
အရင်ဆုံးကြက်သွန်ဖြူ နဲ့ ငရုတ်သီးတို့ကို မညက်တညက်ထောင်းထားပါ။ ဆီကို အယ်အိုး ထည့်ပြီးဆီပူလာရင် ထောင်းထားတဲ့ ကြက်သွန်ဖြူ ငရုတ်သီးထည့်ပါ၊ အနည်းငယ် လိမ့်ကြော်ပြီး မွှေးလာရင် ကြက်သားထည့်ပါ။ 
 
ခဏလောက် ကြော်ပြီး ရင်ခရုဆီ၊ ဆော့၊ ကြက်သွန်အဝါ၊ ငရုတ်သီးအန၊ ပဲငံပြာရည်အမဲ၊ကြက်ဆွတ်ပြုတ်ရည် ထည့်ပါ၊ နည်းနည်းခြောက်လာပြီဆိုရင် အရသာမြည်းကြည့်ပါ။ နောက်ဆုံးမှ ကဖောင်းရွက် (ပင်စိမ်းရွက်) ကို ထည့် မီးပိတ်လိုက်ရင် အရသာရှိ အနံမွှေးတဲ့ ကဖောင်း ဟင်းတပွဲကိုရပါပြီ။နောက်ဆုံးမှ ကဖောင်းရွက်ထည့် တာက အနံ့ပိုမွှေးရအောင်လို့ပါ၊ အကြာကြီးကြော်နေစရာ မလိုပါဘူး။ တချို့ က ပဲတောင့်ရှည်၊ ဥနီ၊ ပြောင်းဖူး အနုစသည့်ဖြစ် ထည့်ကြပါတယ်။

ငံပြာရည်ဆော့ 
ငရုတ်သီး အစိမ်းပါးပါးလှီး၊ ကြက်သွန်ဖြူ၊ သံပုရာသီးတို့ ကို ပန်းကန်လုံးထဲပေါင်းထည့် ငံပြာရည် လောင်း ထည့်ကာ မွှေပေးလိုက်ပါ။ 

 

No comments:

Post a Comment

@templatesyard