ဝက်သားမရမ်းသီးဆီပြန်

 


ပါဝင်ကစ္စည်းများ

  • ဝက်သား ၂၀သား
  • မရမ်းသီး အလတ်စား ၄လုံး
  • ကြက်သွန်နီ အလုံးကြီးဆို ၁လုံး အလတ်ဆို ၂လုံး
  • ကြက်သွန်ဖြူ အရွယ်တော် ၁လုံး
  • စိမ်းစားငပိ လက်တစ်ဆစ် စာ
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နနွင်း အနဲငယ်
  • ဟင်းခတ်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • အစိမ်းမှုန့် ထမင်းစားဇွန်း တစ်ဇွန်း
  • ဆီ ထမင်းစားဇွန်း ၄ဇွန်း (ဆီများတာမကြိုက်ရင်လျော့ထည့်ပါ)
 
ပြင်ဆင်ချက်ပြုတ်နည်း

1. ကြက်သွန်ဖြူနီထောင်းထား ဝက်သားကို အဆီအသားမျှအောင် ပိုင်းဖြတ်ပြီး ဆား၊ဟင်းခတ်မှုန့် ၊ နနွင်း ၊စိမ်းစားငပိတို့နဲ့ သမအောင်နယ်ပြီး နှပ်ထားပါ။


2. မရမ်းသီး ကို အစေ့ထုတ် တလုံးကို လေးစိပ်စိပ်ထားပါ။ ဒယ်ထဲဆီထည့် ဆီဆူရင် ကြက်သွန်ထောင်းထား တာထည့်၊ ငရုတ်သီး အစိမ်းမှုန့် ထည့်၊ ကြက်သွန်ငရုတ်သီးကျက်ရင် ဝက်သားထည့်လုံးပါ။


3. ကြာကြာလုံးပြီး ဆီပြန်လာမှ ရေနွေးမြုပ်ရုံထည့်ပြီး တည်ပါ။ တစ်ရေခမ်းရင် နောက်တရေထပ်ထည့်ပါ။

4. ဝက်သားစနူးလာရင် မရမ်းသီး စိပ်ထားတာထည့်ပါ။ မရမ်းသီး ထည့်ပြီးရင် ရေအများကြီး မထည့်ပါနဲ့။ မရမ်းသီး ပြဲသွားမှာစိုးလို့ပါ။ ရေခမ်းဆီပြန်ပြီဆို အပေါ့အငန်မြည်း လိုတာဖြည့်ပါ။ မရမ်းသီး ပါတဲ့အတွက် အချဉ်ထိန်းအောင် စိမ်းစားငပိ ထည့်ထားလို့ အရမ်းလဲမချဉ်ပဲ ဝက်သားအဆီကိုပါ မအီပဲ စားကောင်းမှာ အသေအချာပါပဲ။


 

No comments:

Post a Comment

@templatesyard