ဝက်ကလီစာဆီပြန်

 

ပါဝင်ပစ္စည်းများ

  • ဝက်ကလီစာ
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ငရုတ်သီးအစိမ်းမှုန့်
  • နနွင်းမှုန့်
  • တရုတ်မဆလာ
  • ဂျင်းထောင်း
  • အရသာမှုန့်
  • ဆား
  • သကြား
  • ပဲငံပြာရည် ( အနောက် )

ချက်ပြုတ်နည်း

1. ပထမဆုံး ဝက်ကလီစာများကို ရှာလကာရည် ထမင်းစားဇွန်း ၅ ဇွန်း၊ ဆား ထမင်းစားဇွန်း ၁ ဇွန်း၊
ရေနွေးပူပူ ၂ ဖန်ခွက် ထည့်ပြီးခပ်ဖွဖွနယ်‌ပေးပါ။ ၃ မိနစ်ခန့်ကြာရင် ရေဖြင့် ပြန်လည်ဆေးကြော၍ အတုံးတုံးထားပါ။

2. အသင့်ပြင်ထားသည့်  နနွင်းမှုန့်၊ တရုတ်မဆလာ၊ ဂျင်းထောင်း၊ အရသာမှုန့်၊ ဆား၊ သကြား၊ပဲငံပြာရည် တို့နဲ့ နယ်ပီး ၅ မိနစ်ခန့် နှပ်ထားပါ။

3. အိုးထဲဆီအပူပေးကာ နနွင်းမှုန့်၊ ငရုတ်သီးအစိမ်းမှုန့် ထည့်မွှေပြီးရင် ထောင်းထားတဲ့ ကြက်သွန်ဖြူ/နီကို ရွလာအောင် ဆီသတ်ပါ။

4. အရသာနယ်ထားသည့် ကလီစာများထည့်၍ အနံ့မွှေးလာသည်အထိ လုံးပေးပီးနောက် ရေနွေးပူပူကို ကလီစာမြုပ်ရုံထည့်ပါ။

5. မီးအားလျှော့၍ နာရီဝက်ခန့်တည်‌ပြီး၊ ဆီပျံလာသည့်အခါ အိုးချ စားသုံးနိုင်ပါပြီ။

မှတ်ချက် ။   ။ တရုတ်မဆလာ, ဂျင်း, ပဲငံပြာရည် ( အနောက် ) အဓိက ဒီ ၃ မျိုးက ဝက်ကလီစာဟင်းရဲ့ အဓိက မပါမဖြစ် ပါဝင်ပစ္စည်းများဖြစ်ပါသည်။

ဝက်ကလီစာ ၅၀ သားဆိုရင် တရုတ်မဆလာ လဖက်စားဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် ( အနောက် ) ထမင်းစားဇွန်း တစ်ဝက်၊ ဂျင်းထောင်း လဖက်စားဇွန်း ၂ ဇွန်း ဆိုရင် လုံလောက်ပါသည်။




No comments:

Post a Comment

@templatesyard