ပုစွန်ခရမ်းသီးချဉ်စပ်ဆီပြန်

ပါဝင်ပစ္စည်းများ

  • ခရမ်းဖြူသီး
  • ပုဇွန်
  • ခရမ်းချဉ်သီး
  • မကျီးမှည့်ရည်
  • နံနံပင် ရှမ်းနံနံ
  • ကြက်သွန်ဖြူ 
  • ကြက်သွန်နီ
  • ငရုတ်သီး‌ခြောက်


ချက်ပြုတ်နည်း

1. ခရမ်းသီးကိုလှီးပြီးဆားရေစိမ်ထားပါ။

2. ပုစွန်ကို‌ကျောလယ်ကခွဲ အခွံခွာချီးထုတ် အရသာနယ်ထားပါ။

3. ငရုတ်သီး‌ခြောက်အနေတော် ကြက်သွန်ဖြူ ကြက်သွန်နီ၊ ငပိအနေတော်လေးထည့်ကာ ညက်နေအောင်ထောင်းပါ။

4. ဆီအနေတော်သတ်ပါ။

5. ဆနွင်းထည့် ထောင်းထားတဲ့ ငရုတ်သီးထောင်းထည့်မွှေပါ။

6. ခဏနေရင်ပုစွန်ထည့်ပြီး ပုစွန်အရောင်ပြောင်းရင် ခရမ်းသီးထည့် အသာယာသမအောင်မွှေ ဆီနဲနဲပြန်ရင် ရေသင့်ရုံထည့်မီးခပ်ပြင်းပြင်းလေးနဲ့ချက် ပွက်ပွက်ဆူရင် ခရမ်းချဉ်သီးနဲနဲ တစ်လုံးကိုနှစ်ခြမ်းလောက်ပဲခြမ်းထည့် မကျီးရည်အနဲငယ်ထည့် ဆားဟင်းခပ်မူန့်လိုရင်ဖြည့် ခရမ်းသီးနူးရင် နံနံပင်အုပ် ရပါပြီ။




No comments:

Post a Comment

@templatesyard