ရွှေရင်အေး (၁၀ပွဲစာ)

 

ပါ၀င်ပစ္စည်းများ

  • - မုန့်လက်ဆောင်းဖတ်
  • သာကူ ၂၅ ကျပ်သား
  • ကောက်ညှင်းပေါင်း
  • ပေါင်မုန့် ၁၀ ချပ်
  • အုန်းနို့ကျောက်ကျော။
  • အုန်းနို့ရည် ၁ ဗူး ခွဲ ( ၆၀၀ မီလီလီတာ)
  • သကြား ၂၅၀ ဂရမ်
  • ရေခဲ လိုသလောက်
  • ဆား သင့်ရုံ


ပြုလုပ်နည်း

1. ပထမဦးစွာ မုန့်လက်ဆောင်းဖတ်လုပ်နည်းကို ပြောပြပေးပါမယ်။ ဆန်မုန့် ထမင်းစားဇွန်း ၈ဇွန်း၊ကော်မုန့် ထမင်းစားဇွန်း ၂ဇွန်း၊ ဆား၊ ဆွမ်းမွှေးရည် အနည်းငယ်တို့ပါဝင်ပါမယ်။ 

2. ရေနွေးပူထဲတွင် ဆွမ်းမွှေးရည်မှအပ ပါဝင်ပစ္စည်းများအားလုံးကိုထည့်ကာ ပျစ်လာတဲ့အထိ မီးအားအနည်းငယ်ဖြင့် ကြိုပေးပါ။ ပူလာလျှင် ဆွမ်းမွှေးရည်ကို အရောင်လိုသလို ချိန်ပြီး ထည့်ပေးပါ။ပြီးလျှင် ရေခဲရေထဲသို့ ဆန်ခါခံပြီး နည်းနည်းချင်း လောင်းထည့်ပေးပါ။ ဆိုင်‌တွေမှာလည်း ပြုလုပ်ပြီးသား မုန့်လက်ဆောင်းဖတ် ဝယ်လို့ ရပါတယ်။

3. အုန်းနို့ကျောက်ကျောအတွက် အရင်ဆုံး သကြား ၃၀၀ဂရမ်ကို အုန်းနို့ တဗူး ရေ(၁ဒသမ၅လီတာ) ကျောက်ကျောမုန့် ၅၀ဂရမ်တို့ဖြင့် ရေမှာ ပျော်ဝင်သွားအောင် ကျိုပါ။ကျိုနေရင်း အနည်းငယ် ပျစ်လာပြီဆိုပါက ဗန်းထဲထည့်ပြီး အအေးခံပါ။ဗန်းအနက်/အထူ ၂လက်မအနက်ရှိလျှင် သင့်တော်ပါသည်။

4. ကောက်ညှင်းပေါင်း/ချက်ရန် ကောက်ညှင်းဆန်ကို ရေကြည်လင်လာတဲ့အထိဆေးပီး အနည်းဆုံး ၆ နာရီ ရေစိမ်ထားပါ၊ ဇကာနဲ့ရေကုန်အောင်စစ်ပါ၊ပေါင်းဆကာပေါ် ပိတ်စိမ်းပါး ရေဆွတ်ပီးခင်းပါ၊ အဲဒီအပေါ်မှာ ဆန်ကို ဖြန့်ခင်း၊ အိုးထဲ ရေထည့်ပီးနှပ်သည်အထိပေါင်းပါ၊ အထက်အောက်လှန်ပေးဘို့လည်းလိုအပ်ပါတယ်။

5. အုန်းနို့ရည် ၁ ဗူး ခွဲ ( ၆၀၀ မီလီလီတာ) ကို ရေ ၁၀၀၀ မီလီလီတာဖြင့် ဖျော်ထားပါ။

6. သကြား ကို ရေ အနည်းငယ်ဖြင့်သကြားပျော်ရုံလေး အပူပေးပါ။


ပွဲပြင်ဆင်နည်း

ပန်းကန်လုံးထဲမှာ မုန့်လက်ဆောင်းဖတ်၊ ကောက်ညှင်း၊ ကျောက်ကျော၊ သာကူ၊ ပေါင်မုန့်၊ ရေခဲတို့ထည့်ပြီး သကြားရည်၊ အုန်းနို့ရည်လေး ဆမ်း၊ ရေခဲ ၁/၂တုံး လောက်ထည့်ကာ သုံးဆောင်နိုင်ပါပြီ။



No comments:

Post a Comment

@templatesyard