အမဲသားပြားပင်စိမ်းအစပ်ကြော်

 


ပါဝင်ပစ္စည်းများ

  • အမဲသား
  • ငရုပ်ကောင်းမှုန့်
  • ခရုဆီ
  • ငရုပ်သီးစိမ်း
  • ကြက်သွန်ဖြူ
  • ပင်စိမ်းရွက်


ချက်ပြုတ်နည်း

1. အမဲသားကိုအပြားလေးတွေပါးပါးလှီးပြီး ဆား၊ဟင်းခတ်မှုန့်၊ ငရုပ်ကောင်းမှုန့်၊ ကြက်သွန်ဖြူတို့ကို ရောထောင်းကာ နှယ်ပြီးနှပ်ထားပေးပါ။

2. ဒုတိယတဆင့်အနေနဲ့ ကြက်သွန်ဖြူနဲ့ငရုပ်သီးစိမ်းလေးကိုမကြေတကြေလေးရောကြိတ် ထားပါ ပင်စိမ်းလေးခြွေထားပေးပါ။

3. ဒယ်အိုးထဲဆီထည့် ဆီပူလာရင်ခုနနှပ်ထားတဲ့အမဲသားပြားလေးတွေထည့်ကြော်နည်းနည်းကြွပ်လာသည်ထိ ကြော်ပေးပါ။ အမဲသားကိုပါးနိုင်သလောက်ပါးပြီးအပြားကြီးကြီးလှီးနိုင်ပါက ပိုကောင်းပါသည်။

4. ကြော်ပီးသားအမဲသားအားလုံးခပ်ထားပြီး ဆီထဲကို ကြက်သွန်ဖြူ ငရုပ်စီးစိမ်းကြိတ်ထားတာလေးဆီသပ် ခရုစီလေးနည်းနည်းနဲ့ရေလေးနည်းနည်းထည့်ပြီးရင်အမဲသား ကြော်ထားတာလေးထည့် နောက်ဆုံးပင်စိမ်းလေး အုပ် ပေးပါ။



No comments:

Post a Comment

@templatesyard