ထိုင်းကြက်ပေါင်း

 


ပါဝင်ပစ္စည်းများ

  • ကြက်/သား (ဗမာကြက်ဆိုပိုကောင်း)
  • ဂျင်း
  • ကြက်သွန်ဖြူ
  • ငရုတ်သီးစိမ်း
  • နံနံပင်
  • စပါးလင်
  • ခရုဆီ
  • ပဲငံပြာရည်အနှောက်
  • ရှောက်ရွက်
  • ကြက်သားမှုန့်


ကြက်ပေါင်းနည်း

1. ကြက်ကိုတကောင်လုံး သို့မဟုတ် ၄ပိုင်း ပိုင်းပါ။

ဆား အနည်းငယ်၊ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်းတဇွန်းနဲ့ သမအောင်နှယ်ပေးပါ။

2. ကြက်သွန်ဖြူ ငရုတ်သီးစိမ်း ( အစပ်စားနိူင်သလောက်ထည့်ပါ တကယ်လို့အသက်ကြီးသူများကိုကျွေးမယ်ဆိုရင် နဲနဲဘဲထည့်ပါ အနံမွေးယုံဘဲထည့်ပါ။ )

3. နံနံပင်အမြစ်၊ စပါးလင်ပါးပါးလှီးအားလုံးကို မညက် တညက်ထောင်းပါ။ ပြီးလျှင်ကြက်သားနဲ့သမ‌ အောင်ရောနယ်ထားပါ။

4. ခရုဆီ ထမင်းစားဇွန်း ၁ဇွန်း၊ ပဲငံပြာရည် အနှောက် နဲနဲ နဲ့နယ်ပါ။တစ်နာရီခန့် နှပ်ထားရပါမယ်။ 

(မနက်ပေါင်းမယ်ဆိုရင် ညကတည်းက နှပ်ပြီး ရေခဲတေ့တ္တာထဲ ထည့်ထားလည်းရပါတယ်။)

5. အပေါ်က ရှောက်ရွက် တင်ပါ။ ပေါင်းမယ့်အိုးထဲထည့်ပြီးတစ်နာရီခွဲခန့် ပေါင်းပါ။

7. CP ကြက်နဲ့လဲ အလွန်စားကောင်းပါတယ်၊ ပေါင်းမယ့်ခွက်က သံဇလုံ ဆိုပိုကောင်းပါတယ်ရှင် သူကအရည်ထွက်ပါတယ် အရည်အရသာ ပေါ့်တယ်ဆိုရင် ဆားအနည်းငယ်ထည့်ပီး သုံးဆောင်နိုင်ပါတယ်။ ငံပြာရည်လုံးဝ မသုံးရပါ။ယ


No comments:

Post a Comment

@templatesyard