လက်ဖက်စိမ်းကြက်ဥပြုတ်

 


ပါဝင်ပစ္စည်းများ

  • ကြက်ဥ                   ၆လုံး
  • သစ်ကျပိုး               ၁ခု
  • နာနတ်ပွင့်                ၂ခု
  • သကြားညို               ၁ဇွန်း(စားပွဲတင်)
  • ဆား                      ၁ဇွန်း(လက်ဖက်ရည်)
  • ပဲငံပြာရည်               ၁/၂ ခွက်
  • လက်ဖက်ခြောက်ထုပ်   ၂ထုပ်(ကြိုက်ရာ)


ပြုလုပ်နည်း

1. ကြက်ဥကို၁၀မိနစ်လောက်ပြုတ်ပါ။ပြီးရင်ရေအေးနဲ့ဆေးချပြီး အက်ကြေအောင်ထုကာ အခွံခွာထားပါ။ (မခွာလည်းရ)

2. အိုးတစ်လုံးထဲသို့ကြက်ဥ၊ ရေကိုကြက်ဥမြုပ်ရုံ ထည့်၊ ဆား၊ သကြား၊ ပဲငံပြာရည်၊ သစ်ဂျပိုးခေါက်၊နာနတ်ပွင့်၊ လက်ဖက်ခြောက်တို့ထည့်၍ ဆူအောင်တည်ပါ။

3. ဆူလာလျှင်မီးအေးအေးဖြင့် (၁)နာရီခန့်တည် ထားပါ။ ကြက်ဥထဲ့သို့ အရသာများစိမ့်ဝင်ပြီး ကြက်ဥ အရောင်က လက်ဖက်ရည် အရောင်သန်းလာပြီဆိုရင် အိုးချနိုင်ပါပြီ။

4. ပူပူနွေးနွေး စားချင်ပါက ချက်ချင်းစားနိုင်သလို၊ အအေးခံ၍လည်း စားသုံးနိုင်ပါသည်။

(မည်သည့် လက်ဖက်ခြောက်မျိုးမဆို အသုံးပြုနိုင်ပါသည်။)



No comments:

Post a Comment

@templatesyard