ကြက်သားလိပ်

 

ပါဝင်ပစ္စည်းများ  ( ၆ လိပ်စာ)

  • ကြက်သား - ၂၅ ကျပ်သား 
  • ချင်း - ပါးပါး ၂ ပြား
  • ဂေါ်ဖီ - ၁ဝဝ ဂရမ် ( ၆ ကျပ်သားခန့်)
  • ကြက်သွန်နီ  - ၁၅ဝ ဂရမ်   ( ၁ဝ ကျပ်သားခန့်)
  • ဆား - အနည်းငယ် 
  • ကော်မှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း     
  • ဆန်မှုန့်/ ဂျုံမှုန့်  - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • တရုတ်မဆလာ - အနည်းငယ်
  • ကော်ပြန့်ဖက်  - ၆  ရွက်
  • အကြော်မှုန့်  - ၆ ကျပ်သားလျှော့လျှော့)            
  • ကြော်ရန်ဆီ - လိုသလောက်

ချက်ပြုတ်နည်း

1. ကြက်သား (ရင်ပုံသား/ပေါင်သား)ကို ဆားနဲ့နယ်၊ ချင်းထည့်၊ ရေအနည်းငယ်ထည့်ပြီး ကျက် သွားရုံလေး ရေခန်းပြုတ်ပါ။ ကျက်သွားလျှင် အအေးခံပြီး အတုံးလေးတွေလှီးထားပါ။ (ကြက်သားကို ကျက်အောင် ပြုတ်ဖို့လိုပါတယ်။ နူးအောင်တော့မပြုတ်ရပါ)

2. ကြက်သွန်နီနှင့် ဂေါ်ဖီကို တစ်လက်မရဲ့ ၃ ပုံ ၁ ပုံအထူ လေးထောင့်အတုံးလေးတွေ လှီးထားပါ။

3. ဒယ်အိုးထဲမှာ ဆီနည်းနည်းလေးထည့်ပြီး ကြက်သွန်နီနဲ့ ဂေါ်ဖီတွေကို နွမ်းသွားရုံလေးကြော်ပါ။

4. အသီးရွက်တွေ နွမ်းသွားတဲ့အခါ ကြက်သားထည့်မွှေပါ၊  ကော်ရည်ထည့်မွှေပါ။  နောက်ဆုံးမှာ ဆန်မှုန့်/ဂျုံမှုန့်လေးဖြူး မွှေပေးပြီးတာနဲ့ မီးဖိုပေါ်ကချပြီး အအေးခံပါ၊

5. အကြော်မှုန့်ကို ရေ (၁ဝဝ မီလီလီတာ- ၁၃ဝ မီလီလီတာ)ဖြင့်ဖျော်ထားပါ။ သို့မဟုတ် အထုတ်ပါ အညွှန်းအတိုင်း မပျစ်မကျဲဖျော်ထားပါ။ မုန့်ရည်ပျစ်လျှင် အကြောမာပျဉ်းတွဲဖြစ်မည်။ မုန့်ရည်ကျဲ လွန်းလျှင် ဆီထဲတွင် ပြန့်ထွက်ကုန်မည်။

6. ကော်ပြန့်ဖက်ထဲ အဆာများထည့်ပြီး ကော်ပြန့်လိပ်သကဲ့သို့လိပ်ပါ။ အနားကို မုန့်နှစ်ရည်စွတ်ပြီး ပိတ်ပါ။

7. ကြော်မည့်အိုးထဲ ဆီ ၃ လက္မအနက်ထည့်ပြီး ဆီပူလာရင် ကြက်သားလိတ်တွေကို အကြော်မှုန့် ရည်ထဲနှစ်ပြီး ဆီပူထဲထည့်ကြော်ပါ။

8. အကျက်ညီအောင် ဟိုဘက် ဒီဘက်လှန်ပေးပါ။ ရွှေအိုရောင်သန်းလာလျှင် ဆယ်ပြီး ဆီစစ်ထားပါ၊ အေးသွားလျှင် ကတ်ကြေးဖြင့်ညှပ်ပြီး အချဉ်ရည်ဆမ်းပြီး သုံးဆောင်နိုင်ပါပြီ။

 

အချဉ်ရည်

1. ညောင်စေးကျအောင် ကျိုထားသော ထန်းလျက်ရည် စားပွဲဇွန်း ၂ ဇွန်း၊ အမျိုးစားကောင်းသော ငရုတ်ဆီ စားပွဲဇွန်း ၃ ဇွန်း ရောမွှေပေးပါ။

2. အငန်လိုလျှင် ပဲငံပြာရည်အကြည် အနည်းငယ်ထည့်ပါ။ အပျစ် အကျဲကို မိမိနှစ်သက်သလို ရေနွေး ရောပေးနိုင်ပါသည်။




No comments:

Post a Comment

@templatesyard