ဝက်သုံးထပ်သားငုံးဥအချိုချက်


အိမ်က ကလေး၊လူကြီးအကုန် ကြိုက်နှစ်သက်ကြတဲ့ဟင်းတစ်ခွက်ပါ။ ထမင်းဖြူလေးနဲ့ အရည်လေးဆမ်း စားလို့ ကောင်းသလို၊ အအီပြေ ချဉ်ပေါင်ကြော်လေးနဲ့ ဆိုရင်လည်း Very Good ပါ ချက်ရတာလည်း အချိန်သိပ်မပေးရဘဲ အိမ်ရှင်မတွေအတွက် သက်တောင့်သက်သာနဲ့ အဆင်ပြေစေပါတယ်။ 

ပါဝင်ပစ္စည်း

  • ဝက်သား
  • ငုံးဥ
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ဂျင်း
  • နံနံပင်
  • ကြက်သွန်မိတ်
  • ခရုဆီ
  • ပဲငံပြာရည်အနောက်
  • ကြက်သားမှုန့်
  • သကြား
  • တရုတ်မဆလာ

ချက်ပြုတ်ပြင်ဆင်နည်း

၁။ လုံးချက်တဲ့ပုံစံလေးပါ။ ဝက်သုံးထပ်သားကို ခရုဆီ၊ ပဲငံပြာရည်အနောက်၊ ကြက်သားမှုန့်၊ သကြားနဲ့ ထောင်းထားသောဂျင်း တို့ဖြင့် နယ်ထားပြီး အရသာဝင်အောင်နပ်ထားပေးပါ။
၂။ ငုံးဥကို ကြိုပြုတ်ထားပြီး အခွံနွှာထားပါ။
၃။ ညက်နေအောင်ထောင်းထားသော ကြက်သွန်ဖြူ/နီကို ဆီသတ်လို့ အနံ့မွှေးပြီဆို ဝက်သုံးထပ်သားထည့်၊ ရေနည်းငယ်ထည့် အုပ်ထားလိုက်ပါ။
၄။ (၂)ရေလောက်ခမ်းပြီဆိုမှ ကြက်သားမှုန့်အနည်းငယ်၊ တရုတ်မဆလာနဲ့ ငုံးဥထည့်ပြီး ရေအနည်းငယ်ထပ် ထည့်ပြီး အုပ်ထားလိုက်ပါ။
၅။ ဟင်းအိုးဆူပြီး ဝက်သားလည်းနူးအိပြီဆိုရင် နံနံပင်နဲ့ ကြက်သွန်မြိတ်အုပ်ပြီး အဆင်သင့်စားလို့ရပါပြီ။
ငုံးဥနေရာမှာ ကြက်ဥတို့၊ ဘဲဥတို့နဲ့ ချက်လည်း ရပါတယ်။ ငရုတ်သီးအစပ်ကြိုက်ရင် အိုးချခါနီးငရုတ်သီးလေး တွေ ပါးပါးလှီးထည့်ပေးပါ။


No comments:

Post a Comment

@templatesyard