ဘူးသီးကြော်မုန့်နှစ်စပ်နည်း


မုန့်နှစ်စပ်ရန်အချိုး
  • ဆန်စိမ်းမှုန့် -240 g
  • ကောက်ညှင်းမှုန့်-120 g
  • ပဲစိမ်းမှုန့် -1 tbsp မောက် မောက်(20 g)
  • Baking soda. -1/2 tbsp
  • Baking Pd. -1/4 tbsp
အားလုံးသမအောင်မွှေပြီးဘူးထဲထည့်သိမ်းထားပါ။
 
အကြော်ကြော်နည်း
1. အကြော်မှုန့်ကိုရေခဲရေနဲ့ဆတူနီးပါးရောဖျော်ပါ။ရေခဲရေကိုနဲနဲစီအရင်ရောပါ။လိုမှထပ်ထည့်ပါ။
2. မုန့်နှစ်အပျစ်အကျဲက နို့ဆီလိုပျစ်တဲ့အနေဆိုရပါပြီ။ မုန့်နှစ်ကိုအနည်းဆုံးနာရီဝက် နှပ်ထားပြီးမှ ကြော်ခါနီး ဆား1/4tsp, ဆီ1tbsp (ဆီထည့်ခြင်းအားဖြင့်မုန့်သားကိုပိုမိုကြွပ်ရွစေပါတယ်) ဂျင်းကြက်သွန်ဖြူထောင်း ထည့်လိုလျှင်ထည့်မထည့်လည်းရပါတယ်။
3. အရောင်တင်မှုန့်1/4 tsp(အရောင်တင်မှုန့်)အားလုံးသမအောင်မွှေပါ။
ဒီအချိုးကအကြော်မှုန့်160 g(တစ်ဆယ်သား)အတွက်ပါ၊ ရေးကြီးတာကကြော်မယ့်ဘူးသီးကိုအလုံးလိုက် ရေဆေးအစိပ်မထူမပါးအခွံပါလှီးထားပြီးအတတ်နိုင်ဆုံးရေခြောက်အောင်သုတ်ထားပါ။
4. ခြောက်နေတဲ့ဘူးသီးစိပ်များကိုကြော်ခါနီးအကြော်မှုန့်နဲ့အနည်းငယ်လူးထားပါအဲ့လိုလူးထားခြင်းအားဖြင့် မုန့်နှစ်နဲ့အသီးကွာသွားခြင်းမရှိပါ။
5. ကြော်တော့မယ်ဆိုဆီအိုးပူအောင်တည်ဘူးသီးချောင်းများကိုတစ်ချောင်းစီမုန့်နှစ်ရည်လူးပြီးဆီပူထဲထည့် ကြော် ပါကြော်တဲ့အခါဆီပူမှထည့်ပြီးမီးအလယ်အလတ်နဲ့ကြော်တဲ့အခါဆီပူမှထည့်ပြီး မီးအလယ်အလတ် နဲ့ကြော်ပါ။ရွှေအိုရောင်သန်းတဲ့အထိတစ်ဖက်တစ်ချက်လှန်ရွှေအိုရောင်သန်းတဲ့အထိတစ်ဖက်တစ်ချက်လှန်ကြော်ပေးပါ။
 
ဘူးသီးကြော်ရန်အဓိကအရေးကြီးတဲ့အချက်များ
1.ကြော်မယ့်ဘူးသီးကရေလုံးဝမပါစေရ။
2.မုန့်နှစ်ကိုနို့ဆီလိုပျစ်နေအောင်ရေခဲရေနဲ့ဖျော်ရမည်။
3.မုန့်သားပိုမိုကြွပ်ရွစေရန်မုန့်နှစ်ထဲဆီတစ်ဇွန်းထည့်ဖျော်ပါ။
4.ခြောက်သွေ့နေတဲ့ဘူးသီးချောင်းများကိုကြော်ခါနီးအကြော်မှုန့်နဲ့လူးထားပါ။
5.ကြော်ခါနီးမှမုန့်နှစ်ထဲတစ်ချောင်းချင်းစီလူးကြော်ပါ။
အထက်ပါအချက်များကိုလိုက်နာရင်အချိန်ကြာကြာကြွပ်ပြီးစားကောင်းတဲ့ဘူးသီးကြော်ရပါပြီ။

No comments:

Post a Comment

@templatesyard