ကြေးအိုးဆီချက်


 

ကြေးအိုးဆီချက်အတွက် ပါဝင်ပစ္စည်းများ

1. ဆန်ကြာဇံ (၅ နာရီခန့်ရေစိမ်ထားပြီး ရေပြန်စစ်ထားပါ။)
2. ကြက်သွန်ဖြူဆီချက်
3. မုန်ညင်း
4. ဝက်သားလုံး
5. ငုံးဥ
6. တိုဟူးဖြူ – အနည်းငယ်
7. ကြက်အသည်း – (၁ လက်မအရွယ်ခန့်လှီးကာ ကြက်သားမှုန့်ဖြင့်နယ်ထားပါ။)
8.
ကြက်သားမှုန့်
9. ကြက်သွန်ပင် – အနည်းငယ်
10. ငရုတ်သီး အချဉ်
 

ငရုတ်သီးအချဉ်အတွက်ပါဝင်ပစ္စည်းများ

1. ပါးပါးလှီးထားသော ငရုတ်သီးစိမ်း
2. ထောင်းထားသော ကြက်သွန်ဖြူ
3. ငရုတ်ဆီ                                                                                                                                                     4. ရှာလကာရည်
(အားလုံးကို ရောလိုက်လျှင် လိုအပ်သော အချဉ်လေးရပါပြီ။)

 

ဝက်သားလုံးအတွက်ပါဝင်ပစ္စည်းများ

1. ဝက်ကြိတ်သား – ကီလိုဝက်
2. ကြက်ဥ – ၁ လုံး
3. ကော်မှုန့် (potato starch) – ထမင်းစားဇွန်း ၂ ဇွန်း
4. ထောင်းထားသော ကြက်သွန်ဖြူ – ထမင်းစားဇွန်း ၁ ဇွန်း
5. ထောင်းထားသော ဂျင်း – ထမင်းစားဇွန်း တစ်ဝက်
6.
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
7. ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
8. ငရုတ်ကောင်းမှုန်. – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဝက်ကြိတ်သားနှင့်ပါဝင်ပစ္စည်းများကိုရောနယ်ကာ ခပ်သေးသေးအလုံးများ ဖြစ်အောင်လုံးထားပါ။

 

ချက်ပြုတ်နည်း

- ရေနွေး (သို့) အရိုးပြုတ်ရည် ပွက်ပွက်ဆူလာလျှင် အသားလုံးများ နှင့် အသည်းကိုထည့်ကာ ၁၅ မိနစ်ခန့် ပြုတ်ပေးပါ။ (တက်လာသည့် အမြှုပ်များအား ဖယ်ထုတ်ပေးပါ။)

- ပြီးနောက် ငုံးဥ နှင့် တိုဟူး ထည့်ပြီး ၃ မိနစ်ခန့် ဆက်ပြုတ်ပေးကာ ဇကာဖြင့်စစ်ပြီး ဖယ်ထားပါ။

- ရေပြန်ဆူလာလျှင် မုန်ညင်းထည့်ကာ ၁ မိနစ်ခန့်ပြုတ်ပြီး ဇကာနှင့်စစ်ကာ ဖယ်ထားပါ။

- ရေပြန်ဆူလာလျှင် ကြာဇံတစ်ပွဲစာ (တရုတ်ပန်းကန်လုံး ၂ လုံးခန်.) ကို ဇကာထဲထည့်၍ ၃ မိနစ်ခန့် ပြုတ်ကာ စားမည့်ပန်းကန်ထဲ ထည့်ပါ။

- ပန်းကန်ထဲ
ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) နှင့် ဆီကျက် (ထမင်းစားဇွန်း ၂ ဇွန်းခွဲ) ထည့်ကာ ဇွန်းဖြင့် နယ်ပေးပါ။ လိုအပ်လျှင် ကြက်သားမှုန့် အနည်းငယ်ပိုထည့်ပါ။

- ပြုတ်ထားသည့် အသားလုံး၊ ကြက်အသည်း၊ တိုဟူး နှင့် မုန်ညင်းတို့ ထည့်ကာ ကြက်သွန်ပင်လေး ဖြူး၍ အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။


 

No comments:

Post a Comment

@templatesyard