ဝက်သားချဉ်စပ်


အသားစိမ်းအသုံးပြုချက်ပါက ကြက်သွန်ဖြူ၊ ဂျင်း ကြော်ပြီးနောက် အသားစိမ်း နှင့် sauce (ထမင်းစားဇွန်း ၃ ဇွန်းခန့်)ထည့်ကာ အသားကျက်ကာ အရည်ကုန်အောင် ဦးစွာကြော်ပေးရပါမယ်။ အသားကျက်လျှင် ကျန်သည့် sauce နှင့် အသီးအရွက်များထည့်ကြော်ခြင်းကတော့ အောက်ကနည်းနဲ့ အတူတူပဲဖြစ်ပါတယ်။

ချဉ်စပ်ဆော့ရည်အတွက် ပါဝင်ပစ္စည်း

  • ငရုတ်သီး အချဉ် (pickled ground red chilli)       – ထမင်းစားဇွန်း ၄ ဇွန်း
  • ခရုဆီ                                                                  – ထမင်းစားဇွန်း ၃ ဇွန်း
  • ပဲငံပြာရည် အကျဲ                                                – ထမင်းစားဇွန်း ၃ ဇွန်း
  • ငရုတ်ဆီ (hot chilli sauce)                                  – ထမင်းစားဇွန်း ၃ ဇွန်း
  • ရေ                                                                      – ထမင်းစားဇွန်း ၃ ဇွန်း
  • သကြား                                                               – ထမင်းစားဇွန်း ၂ ဇွန်း
  • သံပုရာရည်                                                         – ထမင်းစားဇွန်း ၁ ဇွန်း

အားလုံးရောဖျော်လိုက်လျှင် လိုအပ်သော ချဉ်စပ် sauce ကို ရပါပြီ။

ဝက်ချဉ်စပ်ကြော်ရန် ပါဝင်ပစ္စည်း


  • ဆီ – 100 ml
  • ပါးပါးသေးသေးလှီးထားသော ကြက်သွန်ဖြူ – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
  • ပါးပါးရှည်ရှည်လှီးထားသော ဂျင်း – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
  • ကျက်အောင်ပြုတ်ကာ အအေးခံပြီးနောက် ပါးပါးလှီးထားသော ဝက်ဂုတ်သား – 800 g ခန့်
  • ၁ လက်မခန့် အရွယ် လှီးထားသော အစိမ်းရောင် ငရုတ်ပွသီး – 1 1/4 cup (310 ml)ခန့်
  • ၁ လက်မခန့် အရွယ် လှီးထားသော အနီရောင် ငရုတ်ပွသီး – 1 1/4 cup (310 ml)ခန့်
  • ၁ လက်မခန့် အရွယ် လှီးထားသော ကြက်သွန်နီ – 1 1/4 cup (310 ml)ခန့်
  • ၁ လက်မခန့် အရွယ် လှီးထားသော ခရမ်းချဉ်သီး – 2/3 cup (160 ml)ခန့်
  • ချဉ်စပ် sauce
  • ၁ လက်မခန့် အရှည် လှီးထားသော ကြက်သွန်ပင် – 1 1/4 cup (310 ml)ခန့်

ချက်ပြုတ်နည်း

  1. ဆီပူထဲ ကြက်သွန်ဖြူ နှင့် ဂျင်းထည့်၍ မီးအပူရှိန်ပြင်းပြင်း high heat ဖြင့် စက္ကန့် ၃၀ ခန့် (အနံ့မွှေးကာ နွှမ်းရုံ) မွှေကြော်ပါ။
  2. ဝက်သား၊ ငရုတ်ပွသီး၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး နှင့် ချဉ်စပ်sauce ထည့်၍ အရသာနံ့ကာ အသီးအရွက်များ အနည်းငယ် နွမ်းရုံ အပေါ်အောက်လှန် ကြော်ပေးပါ။ (မီးအပူရှိန်ပြင်းဖို့လိုပါတယ်။)
  3. ကြက်သွန်ပင်ထည့်ကာ အနည်းငယ်မွှေကြော်ပြီးသည်နှင့် အိုးကို မီးဖိုမှဖယ်ကာ အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment

@templatesyard