ပါဝင်ပစ္စည်းများ
- ကောက်လှိုင်းတီပန်း
- ဆန်မှုန့်
- ပီလောပီနံမှုန့်
- ဆား
- ထန်းလျက်
ပြုလုပ်နည်း
1. ကောက်လှိုင်းတီပန်းကို ရေအနည်းထည့်ပြီး ကျေသွားသည်အထိ Blender နဲ့ ကြိတ်ပေးရပါမယ်။ Blender မရှိရင် ကောက်လှိုင်းတီပန်းထဲကို ရေထည့်ပြီး ခရမ်းရောင်လေးတွေထွက်သည်အထိ ချေပေးပါ ပြီးရင် အဖတ်တွေဖယ်ပြီးအရည်စစ်ယူထားရပါမယ်။
2. ထန်းလျက်ကိုကျေအောင်ထောင်းပြီး ရေနည်းနည်းလေးနဲ့ဖျော်ပြီး ထန်းလျက်ရည်လုပ်ထားပေးပါ။
3. ကြိတ်ထားသည့် ကောက်လှိုင်းတီအရည်ထဲကို ဆန်မှုန့် ၁၀သား ပီလောပီနံမှုန့် ၅ကျပ်သား ဆားအနည်းငယ် ထန်းလျက်ရည် ထည့်ပြီး မွှေပေးပါ ( ဆန်မှုန့်နဲ့ ပီလောပီနံမှုန့်က ထက်ဝက်အချိုးကွာရပါမယ် )
4. ပေါင်းမည့်အိုးထဲသို့ ထည့်ပြီး နှစ်သက်သောပုံစံခွက်
ဖြင့် မိနစ် ၃၀ လောက် ပေါင်းပေးပါ။
5. မိနစ် ၃၀ ပြည့်ပြီဆိုရင် တင်းတင်းအိအိလေးဖြစ်နေတဲ့ ကောက်လှိုင်းတီမုန့်လေးရပါပြီ။
6. မုန့်ကိုဓါးဖြင့်အတုံးလေးတွေတုံး အုန်းသီးလေးကိုခြစ်ပြီး အပေါ်ကနေဖြူးကာ ကောက်လှိုင်းတီမုန့် မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment