အမဲသားပေါင်မုန့် (Beef bread roll)

 


ပါဝင်ပစ္စည်းများ

  • ပေါင်မုန့်ဂျုံ 180g
  • သကြား 25g
  • ပွဆေး 3.5g
  • ဆား 2.5g 
  • နေကြာဆီ စားပွဲဇွန်း 2ဇွန်း
  • ရေကြက်သီးနွေး 110g 


ပြုလုပ်နည်း

1. မုန့်နယ်မယ့် ဇလုံထဲကို ပါဝင်ပစ္စည်းအားလုံးထည့်ပြီး ဂျုံသားနပ်တဲ့အထိသေချာနယ်ပေးပါ၊မိနစ်နှစ်ဆယ် နာရီဝက်နီးပါးနယ်ရပါတယ်။ နယ်ထားဂျုံသားကို အတော်ပါးပါးအနေထိဆွဲဆန့်ကြည့်လို့ မပြတ်ထွက်ဘူးဆိုရင်ရပါပြီ။

2. နယ်ထားတဲ့ ဂျုံသားကို လေလုံအောင်အုပ်ပြီး နှစ်ဆခန့် ပွလာတဲ့အထိ ထားပေးရပါတယ် အချိန် တစ်နာရီ -တစ်နာရီခွဲလောက်ကြာပါတယ်။

3. ဂျုံအပွခံထားသည့်အချိန်မှာ အမဲသားအစာကို အဆင်သင့်ပြင်ထားပါ။

4. ဒယ်အိုးထဲမှာ ထောပတ် 30 g ထည့်ပြီး အပူပေးပါ၊ ပူလာရင် နုတ်နုတ်စဥ်းထားတဲ့ ကြက်သွန်နီကြီးကြီး တစ်လုံးနဲ့ ကြက်သွန်ဖြူ ​4မွှာ ထည့်မွှေပါ၊ ကြက်သွန်အနည်းငယ်နွမ်းပြီး အနံမွှေးလာရင် ညက်အောင်ကြိတ်ထားတဲ့ အမဲသား (160g)ထည့်မွှေပါ။

5. အရသာအတွက် အချိုမှုန့် ဆား သကြား အနည်းငယ်နဲ့ ငရုတ်ကောင်းမှုန့် အော်ရီဂါးနိုးမှုန့် အနည်းငယ်စီထည့်မွှေပါတယ် ခဏမွှေကြော်ပေးနေပြီး အမဲသားကျက်သွားတဲ့အခါ  ရေနဲ့ကျဲကျဲဖျော်ထားတဲ့ ပြောင်းကော်မှုန့် လဘက်ရည်ဇွန်း ၁ဇွန်း ထည့်မွှေပြီး ကော်မှုန့်ကျက်ရင် မီးဖိုပေါ်ကချ အအေးခံထားပါ။

6. ဂျုံနှပ်ထားတာ အချိန်ပြည့်လို့ နှစ်ဆပွလာပြီဆိုရင်  ဂျုံသားကို လက်နဲ့ဖိပြီး လေကုန်အောင် အရင်ထုတ်ပါ၊ ဂျုံပြားရအောင် ဒလိမ့်နဲ့ လှိမ့်ယူပြီး အမဲသားအစာထည့်လိပ်ကာ လုံအောင်ပြန်ပိတ်ပေးပါ။

7. ပန်းကန်ပြားအလယ်တွင် ခွက်တစ်ခုကို ထားပြီးအစာသွပ်ထားသည့် ဂျုံလိပ်ကို ပတ်ခွေပေးကာ ပုံဖော်ပေးပါ။ လေလုံအောင်ပြန်အုပ်ပြီး ဒုတိယအကြိမ်တစ်နာရီလောက် အပွခံပေးပါ။

8. အချိန်ပြည့်ရင် မုန့်အပေါ်ကနေ ကြက်ဥခေါက်ထားတဲ့အရည်သုပ်ပေးပြီး မုန့်တစ်ပတ်လည်ကို ကပ်ကြေးနဲ့ ညှပ်ဖောက်ပေးပါ။

9. 180°C ဖြင့်အပူကြိုပေးထား‌သော Oven တွင် မိနစ် 40 ဖုတ်ပေးပါ။ မုန့်ကျက်သည့်အခါ Oven ထဲမှ ထုတ်ယူပြီး အပေါ်ယံမျက်နှာပြင်ကို ထောပတ်အနည်းငယ် သုပ်ပေးပါ။

အမဲသားပေါင်မုန့်နဲ့ တွဲဖက်စားရန်အရွက်သုပ်

ပါဝင်ပစ္စည်းများ

  • ဆလတ်ရွက် 
  • မုန်ညင်းဖြူထုပ်
  • မုန်လာဥနီ 
  • ခရမ်းချဥ်သီး
  • သခွားသီး
  • ပန်းငရုတ်ပွ 

စသည့် နှစ်သက်ရာ အသီးအရွက်တွေကို သံလွင်ဆီ ဆား အနည်းငယ်နဲ့ ဖွဖွနယ်ကာ အပေါ်က မရောနိစ် ဆမ်းပေးကာစားသုံးနိုင်ပါသည်။



No comments:

Post a Comment

@templatesyard