ငရုတ်ချဉ်၊ကြက်သွန်ချဉ်၊ဘိတ်ချဥ်


ပါဝင်ပစ္စည်းများ
  • ကြက်သွန်ဖြူ ဥတစ်လုံး ( အခွံနွှာထားပါ )
  • ငရုတ်တောင့်ရှည် ( ခပ်ထူထူ လှီးထားပါ )
  • ရှာလကာရည်
  • ငံပြာရည်
  • ဟင်းခပ်မှုန့် ( မထည့်လဲရ )

ပြုလုပ်နည်း

   ပထမဆုံးရှာလကာရည်, ငံပြာရည်, ဟင်းခပ်မှုန့်တို့ကို
ပန်းကန်လုံး တစ်လုံးထဲ ထည့်ပြီးမိမိ စိတ်ကြိုက် အရသာ အချို အငံ စပ်လိုက်ပါ။ ဟင်းခပ်မှုန့်ကတော့ မိမိ အကြိုက် အနည်း အများ ထည့်ပါ။ ( မကြိုက်သူများ မထည့်ရင်လဲ ရပါတယ်။ )

ဟင်းခပ်မှုန့် ပါရင် အရသာ ပိုကောင်းရုံမျှမက အချဉ်ဓါတ် ထိန်းပြီးသားဖြစ်ပါတယ်။ ပီးတော့မှ ငရုတ်, ကြက်သွန်  ထည့်ထားတဲ့ ပုလင်းထဲ ကန်တော့လေးနဲ့ လောင်းထည့်လိုက်ရုံပါပဲ။ ၎င်းနောက် ဖန်ပုလင်းကို လေလုံအောင် ပိတ်ထားပါ။
    (၃) ရက်ဆိုရင် စ စားလို့ရပါပြီ။ ချဉ်ချဉ်လေး စားချင်ရင်တော့ တစ်ပတ်ထိ ထားပါ။ မိမိ စိတ်ကြိုက် အချဉ်အရသာ ရပြီ ဆိုရင်တော့ ရေခဲသေတ္တာထဲ ထည့်သိမ်းထားပါ။ ငရုတ်ချဉ်, ကြက်သွန်ချဉ် က ကြာလေ အချဉ်စူးလေ ဖြစ်တာမို့ ဆယ်ရက်စာလောက်ပဲ လုပ်စားတာက ပိုကောင်းပါတယ်။ လုပ်ရတာလည်း လွယ်ကူ လှတာမို့ ကုန်ခါနီးမှ အချဉ် အသစ်တည်တာ ပို အဆင်ပြေပါတယ်။

  Hot Pot နဲ့ စားရင်တော့ ခု စိမ်ထားတဲ့ အိမ်လုပ်ချဉ် ထဲကိုသကြား ထပ်ထည့်ပီး စားပါတယ်။ ကော်ဗူးနဲ့ စိမ်တဲ့အခါကြာရင် ကော်နံ့ ထွက်တတ်တာမို့ ဖန်ပုလင်းနဲ့ စိမ်တာက ပိုကောင်းပါတယ်။

   ကင်းမွန် ငံပြာရည်/ဗမာငံပြာရည် ထည့်လို့ရပါတယ်။
ရေ မရောရပါဘူး။ သက်သက်လွတ်သမားများကတော့
ဆားနဲ့ စိမ်လို့ ရပေမယ့်၊ ဆား နဲ့ အချဉ်စိမ်ရင် အချဉ်စူးလွန်းတာကြောင့်ကင်းမွန် ငံပြာရည်နဲ့ အချဉ်စိမ်တာက ပိုစားကောင်းပါတယ်။
__________________________________________________
ငရုတ်ချဉ်ကတော့ အစပ်ချည်းပဲ သီးသန့်စားလိုသူများအတွက်ပါ။ ငရုတ်သီးစိမ်း ထက်စာရင် ငရုတ်တောင့်ရှည်က ပိုစားကောင်းပါတယ်။
__________________________________________________
ကြက်သွန်ချဉ်ကတော့ အစပ် မစားနိုင်ပဲ ကြက်သွန်ချဉ် သီးသန့်စားလိုသူများအတွက်ပါ။ တရုတ်ကြက်သွန်ဖြူထက်ချိုတဲ့ ဥတစ်လုံး ကြက်သွန်ဖြူက ပိုစားကောင်းပါတယ်။ ဥတစ်လုံး ကြက်သွန်ဖြူမရှိရင်လည်း မြန်မာကြက် သွန်ဖြူနဲ့ လုပ်လို့ရပါတယ်။

ပြုလုပ်နည်း
ရေကျက်အေး၊ ဆား၊ကြက်သွန်ဖြူ / နီ / ငြုပ်သီးတို့ကို 
ဖန်ပုလင်းထဲစိမ်ထားပါ ၊ ပုတ်မသွားဘူးလုံးဝမာကြွပ်နေတော့ စားကောင်းပါတယ်။ ပန်းဂေါ်ဖီပွင့်လည်းဆားစိမ်လို့ရပါတယ်၊ မပုတ်မရိပါဘူး၊ရက်သတ္တပါတ်လောက်ဆိုစားလို့ရပါပြီ။

ငရုတ် ကြက်သွန်ချဉ်ကတော့ အစပ် နဲ့ ကြက်သွန် ၂ မျိုး တွဲဖက်စားလိုသူများအတွက်ပါ။ ငရုတ် ကြက်သွန်ချဉ် တစ်ပုလင်း စိမ်ထားရင်တော့ ငရုတ်ချဉ် ကိုက်စားလိုက်
ကြက်သွန်ချဉ် ကိုက်စားလိုက်နဲ့ အဆင် အပြေဆုံးပါပဲ။
__________________________________________________

ဘိတ်ချဉ်
  • ကြက်သွန်ဖြူ ဥတစ်လုံး
  • ငရုတ်သီးစိမ်း
  • ရှာလကာရည်
  • ငံပြာရည်
  • ဟင်းခပ်မှုန့်
  • အားလုံးရောပီး စိမ်ထားရုံပါပဲ။


No comments:

Post a Comment

@templatesyard