ဝက်နံရိုးအချိုပေါင်း

 


ပါဝင်ပစ္စည်းများ

  • နံရိုးညှပ်သား......၃၀ကျပ်သား
  • ချင်း....................၂တက်
  • ကြက်သွန်ဖြူ.......၅တက်
  • နာနတ်ပွင့်.........၂ပွင့်
  • ငရုတ်ကောင်းစေ့..၁၀စေ့ခန့်
  • နံနံပင်အမြစ်......အနည်းငယ်
  • ဟင်းချက်ဝိုင်......၂ဇွန်း
  • သကြား............၃ ဇွန်း
  • ဟင်းခတ်မှုန့်.....အနည်းငယ်
  • ဆား................လိုအပ်သလို


ချက်ပြုတ်နည်း

1. နံရိုးညှပ်သားတွေကိုမိမိနှစ်သက်တဲ့အရွယ်တုံးပြီးရေစစ်ထားပါ။

2. နာနတ်ပွင့် ကိုမီးကင်ပြီးဓားပြားရိုက်ထားပါ။

3. ချင်းတစ်တက်ကိုညှက်နေအောင်ထောင်းပြီးဝက်နံရိုးထဲ ညှစ်ထည့်ပြီးသကြား၁ဇွန်း၊ဆား၊ဟင်းခတ်မှုန့်၊ဟင်းချက်ဝိုင်တို့နှင့်နယ်ပြီး(၁၅)နှစ်ခန့်နှပ်ထားပါ။

4. နောက်ထပ်ချင်း၁တက်၊ကြက်သွန်ဖြူ ၊နံနံပင်အမြစ်၊ငရုတ်ကောင်းစေ့တို့ကိုမညှက်တညှက်ထောင်းပါ။

5. အသားနယ်ထားချိန်ပြည့်ပြီဆိုပါကဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်နှင့်အတူသကြားကိုအပူပေးပါ။

6. သကြားကပျော်ပြီးအညိုရောင်ပြောင်းသွားပြီဆိုရင်မီးကင်ထားတဲ့နာနတ်ပွင့်ထည်ပြီ့းထောင်းထားသောအရောကိုဆီသတ်ပါ။

7. အနည်းငယ်မွှေးလာလျှင်..နယ်ပြီးနှပ်ထားတဲ့ဝက်နံရိုးတွေထည့်ပေါင်းပြီးမွှေပါ။

8. ဝက်နံရိုးတွေဆီသတ်တာအရောင်ရပြီဆိုရင်ရေအနည်း ငယ်ထည့်ပြီးတစ်ပွက်ဆူအောင်တည်ပါ။

8. ဝက်နံရိုးတွေကိုဖယ်ထုတ်ပြီး..ဟင်းခတ်အမွှေးအကြိုင်တွေကိုစစ်ထုတ်ဖယ်ပစ်ပါ။

9. နောက်ထပ်အိုးတစ်လုံးမှာပြောင်းထည့်ပြီးအဖုံးပိတ်ကာမီးအေးအေးမှာနှုးသည်အထိပေါင်းပေးပါ (သို့) Pressure အိုးထဲပြောင်းထည့်ပြီးနူးသည်အထိပေါင်းပါ။



No comments:

Post a Comment

@templatesyard