စမူဆာ

 

ပါ၀င်ပစ္စည်းများ

  •  ကော်ပြန့်ရွက် – ၈ရွက်
  •  ကြက်သွန်နီ – ၂ခွက်စာ (ပါးပါးလှီးပါ)
  •  အာလူး – ၅လုံး (နူးအောင်ပြုတ်၊အတုံးသေးတုံး)
  •  ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ဇီယာမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • နံနံပင် – လက်တဆုပ်စာ (ပါးပါးလှီးပါ)
  • မဆလာ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

မှတ်ချက် ။ ။ ကြက်သွန်နီနှင့် အာလူး အချိုးအစား တူညီပါသည်။


ပြုလုပ်နည်း

1.  အရင်ဆုံး ဇလုံ တစ်ခုထဲတွင် အစာသွပ်ရန် ပါ၀င်ပစ္စည်းများ ဖြစ်သော (ကြက်သွန်နီ၊ အာလူး၊ ငရုတ်သီးမှုန့်၊ ဇီယာမှုန့်၊ နံနံပင်၊ မဆလာ၊ ဆား) တို့ကို ရောနုယ်ထားလိုက်ပါ။

2. ကော်ပြန့်ရွက် တစ်ရွက်ကို ထပ်ပိုင်းပိုင်းလိုက်ပါ။ ပြီးနောက် ထပ်ပိုင်းပိုင်းထားသော ကော်ပြန့်ရွက် အောက်နားကို ရေစွတ်ပေးပါ။

3. ကော်ပြန့်ရွက်ကို ပြောင်းပြန်လှန်ပြီး တြိဂံပုံ ကန်တော့ ဖြစ်အောင် ခေါက်ပေးသွားပါ။

4. ကော်ပြန့်ရွက်ထဲသို့ စမူဆာအတွက် အစာသွပ်ရန် နုယ်ထားသော အာလူး၊ ကြက်သွန်နီများကို အစာသွပ်ပေးပါ။

5. ကန်တော့အပေါ်နားကို ရေစွတ်ကာ တြိဂံပုံဖြင့်အောင် ပိတ်လိုက်ပါ။

6. ဒယ်ထဲ ဆီများများထည့်ပြီ ဆီပူလာလျှင် စမူဆာများကို အညှိရောင်သန်းသည်အထိ ထည့်ကြော်ပေးပါ။

7. ထို့နောက် စမူဆာကြော် များကို ဇကာဖြင့် ပြန်ဆယ်ပြီး အရသာရှိစွာသုံးဆောင် လို့ရပါပြီ။

(ပိုမို ကြွပ်ရွ စေချင်လျှင် ကြော်ထားသော စမူဆာများကို ၅မိနစ် အအေးခံပြီမှ နောက်တစ်ခါ ဆီဖြင့် ထပ်ကြော်ပေးပါ။)



No comments:

Post a Comment

@templatesyard