မုန့်လင်မယား

 

ပါဝင်ပစ္စည်းများ

  •  မွှေးဆန်အစိမ်းမှုန့်  -  ၄၅၀ ဂရမ်
  •  မွှေးကောက်ညှင်းမှုန့်  -  ၅၀ ဂရမ်
  • မွှေးပဲစိမ်းမှုန့်  -  ၂၅ ဂရမ်
  • ဆား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ချင်းရည်  -  စားပွဲဇွန်း ၁ ဇွန်း
  • ရေ  -  ၆ဝဝ မီလီလီတာ
  • ငုံးဥ  
  • ပြောင်းဖူး 
  • ပဲပြုတ် 


ပြုလုပ်နည်း

1. ဇလုံတစ်လုံးထဲ မွှေးဆန်အစိမ်းမှုန့်၊ မွှေးကောက်ညှင်းမှုန့်၊ မွှေးပဲစိမ်းမှုန့်၊ ဆား၊ ချင်းရည်နှင့် ရေတို့ကို ထည့်ပြီး သမအောင် မွှေပါ။ ပြီးလျှင် မုန့်နှစ်ဖျော်ရည်ကို ၂ နာရီခန့် နှပ်ထားပါ။ 

2. မုန့်လင်မယားလုပ်မည့် ဗန်းထဲ ဆီအနည်းငယ်ဖျန်းပါ။ ပြီးလျှင် မုန့်ခွက်လေးတွေထဲ မုန့်နှစ်ရည်ထည့်ပါ။ မုန့်ခွက်တစ်ခုစီထဲ အဆာပလာတစ်မျိုးစီ ထည့်ပါ။ ဆီဖျန်းပါ။ အရောင်ရဲရဲလေးဖြစ်ပြီး မုန့်ကျက်ပြီဆိုလျှင် ဆယ်ယူ၍ ပန်းကန်ထဲထည့်ပါ။

3. ချဉ်စပ်ကလေး စားချင်တယ်ဆိုရင်ဖြင့်ခရမ်းချဉ်သီး ငရုတ်သီးလေးတွေ ထည့်ပြီးစားလို့ရပါတယ်။



No comments:

Post a Comment

@templatesyard