မာလာဟင်း
မာလာဟင်း ချက်နည်းလေးပါ။ ဟင်းသီးဟင်းရွက် အစုံ၊ ကြာစွယ်၊ မာလာခေါက်ဆွဲ၊ ကြွက်နာရွက်မှို၊ ပဲပြား အစုံအလင်ထည့်ထားပြီ မာလာဟင်း အနှစ်ကြောင့် စပ်စပ်လေးနဲ့ အနံ့အရော အရသာ ပြည့်စုံတဲ့ မာလာဟင်းလေးပါ။
မာလာဟင်း အနှစ်ချက်ရန် ပါဝင်ပစ္စည်းများ
- မာလဟင်းနှစ်ထုပ် – ၁ထုပ်
- ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
- ကြက်သွန်နီ – ၂ခု (နှုတ်နှုတ်စဉ်းပါ)
- ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း တဝက်
- ငါးငံပြာရည် – စားပွဲတင်ဇွန်း တဝက်
- ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း(အမောက်)
- သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
မာလာဟင်းတွင် ပါဝင်ပစ္စည်းများ
- ကြက်သားချောင်း – ၂ချောင်း (အစောင်းလှီးပါ)
- ငါးသားလုံး – ၆လုံး (ထပ်ပိုင်းခြမ်းပါ)
- မုန်လာဥနီ – ၁ခု (ပါးပါးလှီးထားပါ)
- မုန့်ညှင်းစိမ်း – ၁စည်း (ရေစင်အောင် ဆေးပြီ ထက်ပိုင်းပိုင်းပါ)
- ကန်စွန်းရွက် – လက်တဆုပ်စာ (ပိုင်းဖြတ်ထားပါ)
- ရွှေပဲသီး – ၁၀ခု
- ကြာစွယ် – ၁စု (အခွံနွာပြီ ပါးပါးလှီးထားပါ)
- ပဲပြား – ၁တုံး (အတုံးသေးများ တုံးပါ)
- ကြက်နားရွက်မှို – လက်တဆုပ်စာ (ရေစိမ်ထားပေးပါ)
- ကြက်သွန်မြိတ် – ၁စည်း (၁လက်မအရွယ်များ ပိုင်းဖြတ်ပါ)
- မြေပဲ – စားပွဲတင်ဇွန်း ၅ဇွန်းစာ (မညက်တညက် ထောင်းပါ)
- နှမ်း – အနည်းငယ် (အပေါ်မှ ဖြူးရန်)
- နှမ်းဆီ – ၄စက်
မာလာခေါက်ဆွဲ ၂မျိုး(သို့) ၃မျိုး – ၅၀ဂရမ်
(မာလာခေါက်ဆွဲ အဖြူ၊ အညှိ၊ အစိမ်း ဆိုပြီ ၃မျိုးရှိတဲ့ အထဲမှ မိမိကြိုက်နှစ်သက်ရာ ၂မျိုးဖြစ်စေ၊ ၃မျိုးလုံးဖြစ်စေ ထည့်နိုင်သည်) (Ocean, City Mart တွင် ဝယ်ယူနိုင်သည်)
ပြင်ဆင်နည်း
၁။ အရင်ဆုံး မာလာခေါက်ဆွဲ ၃မျိုးရှိသည့်အထဲမှ အစိမ်းရောင် ခေါက်ဆွဲကို ရေ(၁၀မိနစ်ခန့်) စိပ်လျှင် ရသည်။၂။ ခေါက်ဆွဲ (အညှိ) နှင့် ခေါက်ဆွဲ(အဖြူ)ကို မာလာဟင်းထဲ ထည့်ရုံအနည်းငယ် သက်သက်စီ ခေါက်ဆွဲကျက်သည်အထိ ရေဖြင့် ပြုတ်ပေးပါ။
၃။ ပြီနောက် ပြုတ်ပြီလျှင် ပြန်အအေးခံပြီ ဇကာဖြင့် ပြန်ဆယ်ထားပေးပါ။
မာလာဟင်းချက်နည်း
- ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း)ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီသပ်ပေးပါ။
- ငရုတ်သီး အရောင်တင်မှုန့် ထည့်ပြီ မာလာဟင်းအနှစ်ထုပ် (၅ပုံ ၄ပုံ) ထည့်ပေးပြီ ရေ(၃ခွက်) ထည့်ပါ။
- ထို့နောက် အရသာအတွက် (ငါးငံပြာရည်၊ ကြက်သားမှုန့်၊ သကြား) တို့ကို ထည့်ပြီ ဆူလာသည်အထိ တည်ထားပါ။
- မာလာဟင်းရည် ဆူလာလျှင် ကြက်သားချောင်း၊ ငါးသားလုံး၊ မုန်လာဥနီ၊ ကြာစွယ် တို့ကို အရင်ထည့်ပြီ ၁မိနစ်ခန့် တည်ထားပါ။
- အနူးလွယ်သော (ပဲပြား၊ ရွှေပဲသီး) တို့ကို ထည့်ပြီ ၁မိနစ်ခန့် ထပ်တည်ထားပါ။
- ကန်စွန်းရွက်၊ မုန့်ညှင်းစိမ်း၊ ခေါက်ဆွဲ၊ မြေပဲထောင်း တို့ကို ထည့်ပြီ သမအောင် ရောမွှေလိုက်ပါ။
- ရေအနည်းငယ်ကျန်ပြီ အရသာ အပေါ့အငံ့ အနေတော်ပြီဆိုလျှင် အပေါ်မှ ကြက်သွန်မြိတ်၊ နှမ်းဆီ၊ နှမ်း တို့ကို ဖြူးပြီ မီးပိတ်လိုက်ပါ။
မာလာဟင်း စပ်စပ်လေးကို အရသာရှိစွာ အသားကင်ဖြစ်စေ၊ ထမင်းဖြင့် ဖြစ်စေ တွဲဖက်သုံးဆောင်နိုင်ပါပြီ…
No comments:
Post a Comment