ပါဝင်ပစ္စည်း
- ဝက်လက် ၁ချောင်း (၅၀သားခန့်)
- ဆား အနည်းငယ်
- သကြား ၁ဇွန်း(သေး)
- နာနတ်ပွင့် ၁ပွင့်
- ခရုဆီ ၁ဇွန်း(သေး)
- ပဲငံပြာရည်အနောက် ။
- ငရုတ်ကောင်း အနည်းငယ်
- နှမ်းဆီမွှေး ။
- ကြက်သွန်မိတ် ၃ပင်
- ထိုက်ဝမ်မုန့်ညှင်း ၂ပင်
- မုန့်ညှင်းစိမ်း ။
- ကြက်သွန်ဖြူ ၄မွှာ
- ဂျင်း ၂ပြား
ချက်ပြုတ်နည်း
- ဝက်လက်ကို အတုံးကြီးကြီးတုံး ရေဆေး၍ ရေစစ်ထားပြီး ဆား ငရုတ်ကောင်း ပဲငံပြာရည် ဇွန်းသေး ၁ ဝက်ထည့်နယ်ထားပါ။
- ဆီဇွန်းသေး ၁ဇွန်းခန့်ထည့်ပြီး သကြားထည့်မွှေကာ နယ်ထားသော ဝက်လက်ထည့်၍ ၃မိနစ်ခန့်မွှေ၍ချပါ။
- pressure cookerထဲသို့ ကြက်သွန်ဖြူ၊ ဂျင်းဓားပြားရိုက် ခရုဆီ၊ နာနတ်ပွင့်၊ ပဲငံပြာရည် ဇွန်းသေး ၁ ဝက်၊ ငရုတ် ကောင်းစေ့ ၃စေ့ ခန့်ထည့်၍ ဆူအောင်တည်ပါ။ဆူလာလျှင်ဝက်လက်ကို ဆီစစ်၍ အိုးထဲထည့် ၍ မိနစ် ၄၀/၄၅ မိနစ်ခန့်တည်ပါ။ရလျှင် ထိုင်ဝမ်မုန့်ညှင်း မုန့်ညှင်းစိမ်း နှမ်းဆီမွှေးထည့်၍ မီးပိတ်ပါ။
- စားမည့်ပန်းကန် ထဲကို ကြက်သွန်မိတ်ပါးပါးငရုတ်ကောင်းကြက်သွန်ကြော် ဟင်းရည်ပူပူလောင်းထည့်၍စားသုံးနိုင်ပါပြီ။
No comments:
Post a Comment