ပါဝင်ပစ္စည်းများ
- ဝက်သား – 200 g (အသား (သို့) ၃ ထပ်သား)
- ခရမ်းချဉ်သီး – ၁ လုံး
- ပန်းငရုတ်ပွစိမ်း – ၁ လုံး
- စပါးလင် – ၁ ချောင်း
- ကြက်သွန်နီ – ၁ လုံး
- ကြက်သွန်ဖြူ – ၅ တက်ခန့်
- ငရုတ်သီး (နီ၊ စိမ်း)
- ငရုတ်ချဉ် – စားပွဲဇွန်း ၂ ဇွန်း
- ခရုဆီ – စားပွဲဇွန်း ၁ ဇွန်း
- သကြား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ငရုတ်ကောင်း – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ကော်မှုန့် – စားပွဲဇွန်း ၂ ဇွန်း
- ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ချက်ပြုတ်နည်း
- ပထမဦးဆုံး ဝက်သားကို ပါးပါးလှီးပြီး ကော်မှုန့်၊ ကြက် သားမှုန့်နဲ့၊ ငရုတ်ကောင်း နှင့် သင့်တင့်သလို နယ်ထားပါ။
- ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ။ ကြက်သွန်နီ ကိုတော့ လေးစိတ်၊ ခရမ်းချဉ်သီးကို ရှစ်စိတ်၊ ပန်းငရုတ် ပွကို ရှစ်စိတ်စိတ်ထားပါ။
- ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲဇွန်း ၁ ဇွန်း၊ ကြက်သွန်ဖြူနှင့် စပါးလင်ကို ဆီသတ်ပါ။
- အနံ့များ မွှေးလာပြီဆိုရင်တော့ ဝက်သားကို ထည့်ပြီး ဆီသတ်ပါ။ ဝက်သား အပေါ်ယံကျောများ လုံးသွားပြီ၊ တင်းသွားပြီဆိုရင်တော့ ငရုတ်သီးနီနှင့် စိမ်းကို ပါးပါးလှီးထည့်ပါ။ ကြက်သွန်နီ၊ ခရမ်းချဉ်သီးနဲ့ ပန်းငရုတ်ပွစိမ်း ထည့်ပါ။
- အရသာများဖြစ်တဲ့ ငရုတ်ချဉ်၊ ခရုဆီ၊ သကြား၊ ငရုတ်ကောင်းထည့်ပြီး မွှေပါ။ လိုအပ်ပါက ရေအနည်းငယ် ထည့်ပေးပါ။
- အရသာမှာ ချဉ်စပ်ချို အရသာရပြီဆိုရင်တော့ မြေအိုးထဲထည့်ပြီး အပူပေးပါ။
- မြေအိုးပူလာပြီး ဟင်းများပွက်ပွက်ဆူပြီး အငွေ့ထွက်လာပြီဆိုရင်တော့ ငရုတ်ကောင်း၊ တရုတ်နံနံများ ဖြူးကာ သုံးဆောင်နိုင်ပါပြီ။
ဒီဟင်းလျာမှာ သတိထားရမှာကတော့ အရသာထည့်တဲ့အချိန်ပဲဖြစ်ပါတယ်။
ငရုတ်ချဉ်များသွားမယ်၊ ခရုဆီ များသွားမယ်ဆိုရင်တော့ ငန်သွားမှာပဲဖြစ်ပါတယ်။
ဟင်းအနှစ်အနေနဲ့ကလည်း ကော်ရည် ပျစ်ပျစ်ကြိုက် တယ်ဆိုရင်
ပြောင်းလဲသုံးဆောင်နိုင်ပါတယ်ခင်ဗျာ။
No comments:
Post a Comment