ကြက်ဥပူတင်း (၂ ခုစာအတွက်)


ကြက်ဥပူတင်းကတော့ ကလေး၊ လူကြီးမရွေးကြိုက်ကြတဲ့ အစားအစာတခုပါ။နိုင်ငံအမျိုးမျိုးလုပ်နည်း အမျိုးမျိုးရှိတဲ့ အထဲက ဒါကတော့ မြန်မာပြည်မှာရောင်းတဲ့ ကြက်ဥ ပူတင်းပုံစံလေးပါ။ လုပ်နည်းကတော့ လွယ်တဲ့အပြင် တခါသိရင်လုပ်တတ်တာမို့လုပ်စားကြည့်စို့။

ပါ၀င်သောပစ္စည်းများ

  • ကြက်ဥ - ၃ လုံး
  • နွားနို့ - ၁ ခွက် ( ၂၄၀ ml = ထမင်းစားဇွန်း ၁၆ ဇွန်း)
  • သကြား - ထမင်းစားဇွန်း ၂ ဇွန်း
  • နို့မှုန့် - ထမင်းစားဇွန်း ၂ ဇွန်း
  • ထောပတ် - အနည်းငယ်

အချိုရည်အတွက်

  • သကြား - ထမင်းစားဇွန်း ၂ ဇွန်း
  • ရေ - ထမင်းစားဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

  1. ကြက်ဥ ၃ လုံးကို ခလောက်ထားပါ။ ပြုလုပ်မည့် ခွက်ကို ထောပတ်သုပ်ထားပါ။
  2. အိုးတခုထဲတွင် နွားနို့ကို အပူပေးပါ။ နွားနို့ပူလာလျှင် သကြားထမင်းစားဇွန်း ၂ ဇွန်း နှင့် နို့မှုန့် ထမင်းစားဇွန်း ၂ ဇွန်းတို့ကို ထည့်ရ်ျ ပျော်အောင်ဖျော်ထားပါ။ ပြီးလျှင် အအေးခံထားပါ
  3. သကြားရည်ပြုလုပ်ရန်အတွက် အိုးအသေးတခုထဲတွင် သကြားထမင်းစားဇွန်း ၂ ဇွန်းနှင့် ရေထမင်းစားဇွန်း ၁ ဇွန်းကို ထည့်ရ်ျ မီးအေးအေးဖြင့် ညိုလာသည်အထိတည်ပါ။ ညိုလာလျှင် မီးဖိုပေါ်မှချ၍ထောပတ်သုပ်ထား သော ခွက် ၂ ခုထဲကို အညီအမျှထည့်ပါ။ (သကြားရည်လုပ်လျှင် သတိထားပါ။ သကြားရည်အပူလောင်လျှင် အရမ်းဆိုးပါတယ်။ သကြားရည်ကလက်မှကပ်နေပြီးတော်တော်နဲ့ ခွာလို့မရလို့ပါ။
  4. အအေးခံထားသော သကြား၊ နို့မှုန့်ပါသော နွားနို့နှင့် ခလောက်ထားသော ကြက်ဥတို့ကိုရော၍သမအောင် လုပ်ပါ။ ပြီးလျှင် အခြား ပန်းကန်အကြီးထဲသို့ပူတင်းအ၇ည်များကို ဇကာအကျဲခံရ်ျ လောင်းချပါ
  5. ထို့နောက် ပန်းကန်အကြီးထဲမှ ပူတင်းအ၇ည်များကို ဇကာအစိပ်ခံရ်ျ ပြုလုပ်မည့် ခွက် ၂ ခွက်ထဲသို့အညီအမျှလောင်းထည့်ပါ။ ပြီးလျှင် ခွက်အပေါ်ကို ငွေစက္ကူဖြင့် လုံအောင် အုပ်ပါ
  6. ဘန်းတခုထဲကို ဘန်းရဲ့တ၀က်ခန့်ရေထည့်ပြီး ထို ဘန်းထဲသို့ပူတင်းဖုတ်မည့်ခွက်များထည့်ပါ။
  7. ပြီးလျှင် ၃၅၀'F (175'C) မှာ ၁၀ မိနစ်ခန့်အပူပေးထားသောOven ထဲတွင် မိနစ် ၅၀ ခန့်ထည့်ဖုတ်ပါ။ (ပေါင်းမည်ဆိုလျှင် ပေါင်းအိုးထဲတွင် ၁၂ မိနစ် (သို့) ၁၅ မိနစ်ခန့်ထည့်ပေါင်းပါ။)
  8. ပြီးလျှင် အအေးခံ၍အေးသွားလျှင် ပန်းကန်ပြားတခုကို ခံပြီး ပူတင်းပန်းကန်ကို မှောက်ချပြီး သုံးဆောင်နိုင်ပါပြီ။


No comments:

Post a Comment

@templatesyard