ပါဝင်ပစ္စည်း
- ငါးခေါင်း ငါးဗိုက်သား နှစ်ကောင်း
- မျှစ်ချဉ် တစ်ဆယ်သား
- ငါးဖယ်ခြစ် တစ်ဆယ်သား
- ပဲငပိချဉ်စပ် နှစ်ဇွန်း
- ဂျင်း
- ကြက်သွန်ဖြူ
- ကြက်သွန်နီ တစ်လုံး
- ခရမ်ချဉ်သီး တစ်လုံး
- ပဲပြား နှစ်တုံး
- ရှမ်းနံနံ တစ်စီး
- ဗမာနံနံ တစ္စီး
- ဆီ အနဲငယ်
- ငရုပ်သီးစိမ်း နှစ်တောင့်
ချက်ပြုတ်နည်း
1. ငါးခေါင်းများကို သန့်စင်ပြီး ဆား ဆနွင်း နယ်ထားပါ ။
2. မျှစ်ချဉ်ကို ငံပြာရည် နဲနဲထည့် ရေနဲ့ တည်ထားပါ ။
3. ကြက်သွန်ဖြူ၊ ဂျင်း ထောင်းပြီး ဆီသက်ပါ ကျက်ပါက ပဲငပိ ကြက်သွန်နီ ခရမ်းချဉ်သီး များကို
အတုံးလေး တွေတုံးကာ ထည့်ပါ။ ခဏမွှေပြီး ငါးတွေကိုထည့်ပါ ။
4. ငါးဆီသက်ပြီး မျှစ်ချဉ် အိုးထဲ ထည့်ပါ၊ ရေကိုလိုသလောက် လိုက်ပါ ။
5. ဆူအောင် တည်ပြီး ပဲပြား ထည့် အချိုငံမြည်း အချဉ် လိုအပ်လျှင် သံပုရာသီး ထည့် ရှမ်းနံနံ ဗမာနံနံ ငရုပ်သီးစိမ်း ခွဲ ထည့် သုံးဆောင် နိုင်ပါသည် ။ အကြာကြီး မတည်ရပါ ငါးအသား ကျေကုန်တတ်ပါသည်။
No comments:
Post a Comment