ယိုးဒယားကြက်ဥပေါင်း


ပါဝင်ပစ္စည်းများ

  • ကြက် ဥ - ၁၀ လုံး
  • ဆား - လဘက်ရည်ဇွန်း တဝက်
  • ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် - အနည်းငယ်
  • ခရုဆီ -လဘက်ရည်ဇွန်း ၁ဇွန်း(မထည့်လည်းရ)


ပြုလုပ်နည်း

၁။ ကြက်ဥများကို အရင်ဆုံးရေဆေးရပါမယ်။

၂။ ပြီးရင် ကြက်ဥရဲ့ ချွန်တဲ့ထိပ်ဘက်ကို အပေါက်သေးသေးဖောက်ပြီး အနှစ်၊ အကာများကိုထုတ်ထားပါ။

၃။ ကြက်ဥအခွံများကို အခွံအစ‌လေးများမကျန်အောင် ရေပြန်ဆေးထားရပါမယ်။

၄။ ထိုအချိန်တွင် ကြက်ဥပေါင်းရန် ရေနွေးအိုးတည်ထားရပါမယ်။

၅။ ကြက်ဥအရည်ထဲ အခွံများကျတတ်သဖြင့် ကြက်ဥရည်ကိုစစ်ထားရပါမယ်။

၆။ ကြက်ဥထဲသို့ ပါဝင်ပစ္စည်းများအားလုံးကိုထည့်ပြီး သမအောင်မွှေပါ။ မွှေပြီးလျှင် ကြက်ဥအမြှုပ်များကိုဖယ်ရှားပါ။

၇။ ထို့နောက် ရေပြန်ဆေးထားသော ကြက်ဥခွံများထဲသို့ ကြက်ဥအရည်များကိုအပြည့်မထည့်ပဲ ၉၀% လောက်ပဲထည့်ပေးရပါမယ်။(အပြည့်ထည့်လျှင် ပေါင်းသည့်အခါ လျှံကျလာတတ်ပါတယ်)

၈။ ထို့နောက်ပေါင်းအိုးထဲထည့်၍ မီးအေးအေးနှင့် အိုးဖုံးအနည်းငယ်ဟပြီး တစ်နာရီခန့်ပေါင်းပေးရပါမယ်။ မီး‌အားများပြီး အိုးဖုံးမဟလျှင် ကြက်ဥများကွဲထွက်တတ်ပါတယ်။ (မင်မင်ကတော့ ပေါင်းအိုးထဲ ကြက်ဥများထောင်ထည့်ရန်အတွက် ကြက်ဥထည့်တဲ့စက္ကူကတ်နဲ့ အသုံးပြုထားပါတယ်)

၉။ တစ်နာရီပြည့်လျှင် ကြက်ဥများ မာ မမာကို သွားကြားထိုးတံလေးနှင့် စမ်းကြည့်လို့ရပါတယ်။ ကြက်ဥများ မာလာပြီဆိုလျှင် ကြက်ဥပေါင်း အတိုင်းဖြစ်စေ၊ ကြော်၍ဖြစ်စေ မိမိကြိုက်နှစ်သက်သလိုစားသုံးနိုင်ပါပြီ။


ပေါင်းအိုးနဲ့ပေါင်းမယ့်သူများအတွက် ကြက်ဥထည့်တဲ့စက္ကူကဒ်ကိုအိုးနဲ့ဆန့်တဲ့အရွယ်ဖြတ်ထည့်ပြီးပေါင်းလို့ရပါတယ်(ကြက်ဥဆိုင်‌တွေမှာဝယ်လို့ရပါတယ်)ပလတ်စ တစ်နဲ့လုပ်တဲ့ကဒ်တွေကျတော့ အပူနဲ့ဆိုအဆင်မပြေမှာစိုးလို့ပါ...

ထမင်းပေါင်းအိုးနဲ့ဆို မီးအချိန်အဆ ပြောင်းလို့မရတဲ့အတွက် ပေါင်းအိုးဖုံးကိုအနည်းငယ်ဟပြီး ပေါင်းပေးပါ၊ အဖုံးပိတ်ပေါင်းလျှင် ကြက်ဥများ‌ ပေါက်ထွက်တတ်ပါတယ်။


No comments:

Post a Comment

@templatesyard