ကော်ဖီပေါင်မုန့်ပူတင်း

 


ကော်ဖီကြိုက်သူများအတွက် စားလို့လဲကောင်း အဟာရလဲရှိတဲ့ ကော်ဖီပေါင်မုန့်ပူတင်းလေးပါ။ ကော်ဖီမှုန့်ကိုတော့ မြန်မာပြည်မှာအလွယ်တကူလဲဝယ်လို့ရပြီး လူကြိုက်များတဲ့ Premier coffee မှုန့်ကိုသုံးထားပါတယ်။ လုပ်စားကြည့်ရအောင်။

ပါ၀င်ပစ္စည်းများ

  • ပေါင်မုန့်- ၆ ချပ်
  • ကြက်ဥ - ၄ လုံး
  • နွားနို့- ၅၀၀ ml
  • ဆား - လက်ဖက်ရည်ဇွန်း ၈ ပုံတပုံ
  • သကြား - ထမင်းစားဇွန်း ၁၂ ဇွန်း
  • စပျစ်သီးခြောက် - ထမင်းစားဇွန်း ၂ ဇွန်း (မထည့်လဲရ)
  • premier espresso coffee mix (သို့) premier 3 in 1 coffee mix - ၂ ထုပ် (၁ ခွက်စာအထုပ်)
  • ထောပတ် - ထမင်းစားဇွန်း ၁ ဇွန်း

( ထမင်းစားဇွန်း = 1 tablespoon = 15 ml) (လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း

  1. ပေါင်မုန့်ပူတင်းလုပ်ရန်အတွက် ၈ လက်မ (သို့) ၉ လက်မ ပတ်လည် လေးထောင့် ဗန်း နှင့် ပြုလုပ်ပါတယ်။ ပေါင်မုန့်ပူတင်းလုပ်မည့် ဗန်းကို ထောပတ် ၁ ဇွန်း ဖြင့် အနှံ့သုတ်ထားပါ။
  2. ပေါင်မုန့်ကို လေးပိုင်းပိုင်းပါ။ (အိစံကတော့ တြိဂံပုံလေးတွေဖြစ်အောင်လို့ပေါင်မုန့်ကို ကြက်ခြေခတ်လှီးလိုက်ပါတယ်။)
  3. ပိုင်းထားတဲ့ပေါင်မုန့်လေးတွေဗန်းထဲထည့်ပါ။ စပျစ်သီးခြောက်တွေနေရာအနှံ့ဖြူးထားပါ
  4. ဇလုံတခုထဲတွင် ကြက်ဥ၊နွားနို့၊ဆား၊ သကြား၊ ကော်ဖီမှုန့်တို့ကိုထည့်ပြီး သကြားများအရည်ပျော်သည် အထိ ခလောက်ပါ။ ပြီးလျှင် ပေါင်မုန့်များအပေါ်မှဆမ်းပါ။ (အိစံက တြိဂံပုံလေးတွေထောင်လျက် စီ ထည့်ထားလို့တြိဂံပုံပေါင်မုန့်ထိပ်လေးတွေရဲ့အပေါ်ကိုလိုက်လောင်းပါတယ်။)
  5.  ပေါင်မုန့်ပူတင်းမဖုတ်ခင် oven ကို ၃၅၀'F (175'C) မှာ ၁၀ မိနစ်ခန့်ဘာမှမထည့်ပဲအရင်အပူပေးထားပါ။ အပူပေးထားသော oven ထဲမှာ မုန့်ဗန်းကိုထည့်ပြီး ၁ နာရီဖုတ်ပါ။
  6. ပူပူနွေးနွေး ပေါင်မုန့်ပူတင်းကို နို့ဆီလေးဆမ်းစားရင် ပိုအရသာရှိပါတယ်။


No comments:

Post a Comment

@templatesyard