ရခိုင်မုန့်တီ (အာပူလျှာပူ) - အသုပ်/အရည်


ပါဝင်ပစ္စည်းများ

  • မုန့်ဖတ် - ၅၀ သား
  • ငါးခူ- ၁ကောင် ( ဟင်းရည်ပြုလုပ်ရန်)
  • ငါးဖယ် - ၁၀ သား (ကြော်ပြီး အရှည်လှီးထားပါ)
  • ငရုတ်သီးစိမ်း - ၂၀တောင့်
  • မျှင်ငပိ - အနည်းငယ်
  • မန်ကျည်းသီးမှည့် - ကွမ်းသီးလုံးခန်.(ရေနွေးစိမ်ထားပါ)
  • စပါးလင်- ၁ ပင်
  • ပဒဲကော - ၁ တက်
  • ငါးငံပြာရည်- အနည်းငယ်
  • နနွင်းမှုန့် -အနည်းငယ်
  • အရသာမှုန့် - အနည်းငယ်
  • ငရုတ်ကောင်းမှုန့် - အနည်းငယ်
  • ငရုတ်သီးအကျက်မှုန့်- အနည်းငယ်
  • နံနံပင် - အနည်းငယ်
  • ကြက်သွန်ဖြူကြော်နှင့်ဆီချက်


ပြင်ဆင်နည်း (အရည်/အသုပ်)

  1. ငါးခူကိုပဲသုံးထားပါတယ် .. ဟင်းရည်အတွက် ပဒဲကောရယ် ဂျင်းရယ် အနည်းငယ်သုံးထားပါတယ် .. (ပဒဲကောနဲ့ဂျင်းကမွှေးပြီး ငါးပြုတ်ညှီနံ့ပျောက်စေပါတယ်)
  2. ငါးပြုတ်ပြီးအရိုးနွှင်ပါမယ်။ သုံးပုံနှစ်ပုံကိုဟင်းရည်အတွက်ထားပြီး တစ်ပုံကိုအသုပ်မှာထည့်သုံးဖို့ အတွက်ချန်ပါမယ်။
  3. ငရုတ်စိမ်းတွေပြုတ်ပါမယ် ဆားသကြားခပ်ပြီးထောင်းပါမယ်။ ပြီးရင်တော့ အသုပ်အတွက်ချန်ထား တဲ့ငါးပြုတ်ထဲကနည်းနည်းယူပြီးရောပါတယ် (မရောပဲ မန်ကျည်းချဉ်ရည်နဲ့ ဖျော်လိုက်လည်းရပါတယ်)
  4. ကြက်သွန်စိမ်း နံနံပင် အဆင်သင့်ပါးပါးလှီးထားပါမယ်။
  5. ငါးပြုတ်ရည်ထဲကို နွှင်ထားတဲ့ငါးပြုတ်ရယ် စိမ်းစားငါးပိရယ် ပဒဲကောရယ် ဂျင်းနည်းနည်းနဲ့ ငရုတ်ကောင်းမှုန့်နိုင်နိုင်ခတ်ပြီး ဆူအောင်တည်ပါမယ် (ဆားထပ်ခတ်ဖို့လိုမယ် သကြားနည်းနည်း) ။
  6. ဒါဆိုရင် ရခိုင်မုန့်တီ အရည်ကော အသုပ်ကောအတွက် မုန့်ပွဲပြင်ဆင်ဖို့ အားလုံးအဆင်သင့်ဖြစ်ပါပြီ။


ဟင်းရည်အတွက် ပြင်ဆင်ပါမယ် 

 
အရင်ဆုံး ငါးခူကိုရေဆေးသန်.စင်ပြီး နနွင်းမှုန်.၊ငပိ ၊ငံပြာရည် ၊အရသာမှုန်.တို.နှင့် ရောနယ်ပါ။ ပြီးရင် စပါးလင်ကို ဓါးပြားရိုက်၊ ပဒဲကောကို ပါးပါးလှီးပြီး ငါးနဲ.ထည့်ပြုပ်ပါ။ငါးနူးရင် ဆယ်ပြီးအသားနွှင်ထားပါ။
အရိုးတွေကိုပြန်ထည့်ပြုပ်ပြီး ဟင်းရည်ရပြီဆိုရင် အရိုးအားလုံးကို ခပ်ထုတ်ပါ။ငရုတ်ကောင်းမှုန်.ထည့်ပါ။
ငရုတ်သီးစိမ်းကို ရေနွေးနဲ.ပြုပ်ပြီးညက်အောင် ထောင်းထားပါ။

ရခိုင်မုန့်တီသုပ်ပြင်ဆင်ရန်

 
ဇလုံတစ်ခုထဲသို. မုန့်ဖတ်တစ်ယောက်စာ၊ငါးအသား၊ငံပြာရည်၊မန်ကျည်းရည်၊ငရုတ်သီးပြုပ်ထောင်း၊
အရသာမှုန်.၊ငရုတ်သီးအကျက်မှုန်.တို.ထည့်ပြီး သမအောင်ရောနယ်ပါ။အရသာအဆင်ပြေရင် ပန်းကန်ထဲ ထည့်ပါ။ငါးဖယ်၊ ကြက်သွန်ဖြူကြော်၊နံနံပင်ထည့်ပါ။ အရသာစပ်စပ်လေးနဲ.ရခိုင်မုန်.တီသုပ်ကို ငါးပြုပ်ရည်လေးနဲ.သုံးဆောင်နိုင်ပါပြီ။

ရခိုင်မုန့်တီအရည်နဲ.ပြင်ဆင်ရန်
ပန်းကန်ထဲကို မုန့်ဖတ်၊ငါးအသား၊ငရုတ်သီးစိမ်းပြုပ်ထောင်း၊ငံပြာရည်၊မန်ကျည်းရည်၊ကြက်သွန်ဖြူကြော်၊ဆီချက်၊ငါးဖယ်၊နံနံပင်ထည့်ပါ။ပြီးရင် ငါးပြုပ်ရည်လေးခပ်ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

နှစ်သက်သောချက်နည်းအားအသုံးပြုနိုင်စေရန် စုစည်းပေးခြင်းဖြစ်ပါသည်။



No comments:

Post a Comment

@templatesyard