ချဉ်စပ်တုံယမ်းဟင်းချို


အဓိကပါ၀င်သောပစ္စည်များ

  • တုံယမ်း (အခဲ) - ၁တုံး
  • တုံယမ်း အနှစ် - တ၀က်
  • အုန်းနို့ - ၁၀၀ မီလီလီတာ
  • ငုံးဥ -၁၀လုံး (အရင် ပြုတ်ပြီ အခွံနွှာထားပေးပါ)
  • ပုဇွန်ကျား - ၂၀ ကျပ်သား (အခွံနွှာထားပေးပါ)
  • ၆။ ကင်ပွန်း - ၁၅ကျပ်သား (သန့်စင်ပြီး လက်မ၀က်အရွယ်များ ပိုင်းဖြတ်ပါ)

ပါ၀င်သောဟင်းရွက်များ

  • ခရမ်းချဉ်သီး - ၃လုံး (အစေ့ထုတ် ၈စိပ်စိပ်ပါ)
  • မုန်လာဥနီ - ၂ခု (အဝိုင်း ပါးပါးလှီးပါ)
  • မျှစ်(အချို) - ၅ခု (အဝိုင်း ပါးပါးလှီးပါ)
  • ပြောင်းဖူးသေး - ရခု (အစောင်း ပါးပါးလှီးပါ)
  • ပဲပြား - ၁တုံး ( အရှည်ပါးပါး လှီးပါ)
  • ပန်းကော်ဖီ - တစိတ် (အတုံးလေးများ တုံးထားပါ)
  • သံပရာသီး - ၁လုံး
  • နံနံပင် - ၁စည်း ( ပါးပါးလှီးပါ)
  • ကြက်သွန်မြိတ် - ၁စည်း (ပါးပါးလှီးပါ)
  • ပဒယ်ဂေါ - ၁ခု (ပါးပါးအစောင်း လှီးပါ)
  • ရှမ်းနံနံ - အနည်းငယ် (ပါးပါးလှီးပါ)
  • ကြက်သွန်ဖြူ - ၃မွှာ (နှုတ်နှုတ်ဆင်းပါ)
  • ကြက်သွန်နီ - ၂လုံး (၈စိပ်စိပ်ထားပါ)
  • ဂျင်း - လက်တဆစ် (ပါးပါးလှီးပါ)
  • ငရုတ်သီးစိမ်း - ၄ခု (ထပ်ခြမ်းခြမ်းပါ)

အရသာအတွက်ပါ၀င်သောပစ္စည်းများ

  • ငါးငံပြာရည် - စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၂ဇွန်း

ချက်ပြုတ်နည်း

၁။ တုံယမ်းချက်ရန် ဒယ်အိုး တစ်ခုထဲသို့ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း)ထည့်ပြီ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးနီ၊ ပဒယ်ကော တို့ကို မိနစ်၀က်မျှ ဆီသပ်ပေးပါ။

၂။ ထို့နောက် ကြက်သွန်နီများထည့် ဆီသပ်ပြီ ငရုတ်သီးမှုန့်(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ဆီသပ်ပေးပါ။

၃။ ပြီးမှ ပုဇွန် နှင့် ကင်ပွန်းများကို ထည့်ပြီ ဆီသပ်ပေးပါ။

၄။ ဟင်းရွက်များဖြစ်သော မုန်လာဥနီ၊ ပြောင်းဖူး၊ ပန်းကော်ဖီ၊ မျှစ်တို့ကို ထည့်ရောမွှေလိုက်ပါ။

၅။ ပြီးနောက် အနူလွယ်သော ခရမ်းချဉ်၊ ပဲပြား၊ ငုန်းဥ ကိုနောက်မှ ထည့်လိုက်ပါ။

၆။ ရေ(လီတာ)၀က်ခန့် ထည့်ပြီ အဖုံးအုပ်ကာ ပွက်ပွက်ဆူအောင်ထိ တည်ထားပေးပါ။

၇။ အရသာအတွက် တုံးယမ်းအခဲ၊ တုံယမ်းအနှစ်၊ ဆား၊ ကြက်သားမှုန့်၊ ငါးငံပြာရည်၊ သံပရာရည်များကို ထည့်၍ ရောမွှေလိုက်ပါ။

၈။ နောက်ဆုံးမှ အုန်းနို့ ထည့်မွှေလိုက်ပြီ ကြက်သွန်မြိတ်၊ နံနံပင်၊ ရှမ်းနံနံတို့ အုပ်ပေးပါ။

၉။ ထိုင်းစတိုင် အရသာရော၊ အနံ့ရော သင်းပျံ့နေသည့် တုံယမ်းဟင်းချိုကို သုံးဆောင်နိုင်ပါပြီ။


No comments:

Post a Comment

@templatesyard