မာလာဟော့ပေါ့ လုပ်စားမယ်ဆို Ready made အထုပ်တွေလဲ ရှိတယ် ။ ဝယ်လို့ ရရင်တော့ Ready made အထုပ်သုံးပေါ့ ။ ဒါမှမဟုတ် အားလုံး ကိုယ်တိုင် လုပ်မယ်ဆိုလဲ ရပါတယ် ။
ပါ၀င်ပစ္စည်းများ
- ပဲကြာဇံအ
- သားတု
- ကျောက်ပွင့်
- ကြွက်နားရွက်မှို
- ကြက်သွန်ဖြူ
- ကြက်သွန်နီ
- ဂျင်း
- ငရုတ်သီးမှုန့်
- ကက်သား (သို့) ဝက်သား (သို့) အမဲသား
- ပဲငပိအရည်
- ဆား
- ဟင်းခတ်မှုန့်
- နှမ်းမွှေးဆီဆော့
- ပုဇွန်
- ကြက်အူချောင်း
- ငဖယ်လုံး
- ပြောင်းဖူး
- ဟင်းသီးဟင်းရွက်
- စားချင်တဲ့ပင်လယ်စာပါထည့်
- ကွကျဥ
- ပန်းဂေါ်ဖီ
- မုံညှင်း
ပြင်ဆင်ပြုလုပ်နည်း
- ပထမဦးဆုံး ထည့်စားမည့် အစာပလာတွေ (ပဲကြာဇံ၊ အသားတု၊ ကျောက်ပွင့်၊ ကြွက်နားရွက်မှိုတို့)ကို နာရီဝက် တစ်နာရီလောက် ရေစိမ်ထားပါ ။
- ပြီးရင်ကြက်သွန်ဖြူ /နီ ၊ ဂျင်းနည်းနည်းနဲ့ ငရုတ်သီးမှုန့်နှင့်ဆီသတ်ပါ ။ ကိုယ်စားချင်တဲ့ ကြက်သား ဝက်သား အမဲသား တစ်မျိုးမျိုးကိုပြုပ် အရိုးပါထည့်ရင်ဟင်းရည်ပိုချိုပါတယ် ။
- ပြီးတော့ ဟင်းရည်ထဲကို ပဲငပိအရည်ဖျော်ထည့် မွှေးပြီးတော့ အရသာလေးလေးပင်ပင်ဖြစ်အောင် ပြီးရင် ဆား ၊ ဟင်းခတ်မှုန့်တို့ပါ အနေတော်ထည့် Sesame လို့ခေါ်တဲ့ နှမ်းမွှေးဆီဆော့ပါထည့်ရင် ပိုမွှေးပါတယ် ။
- အဲလို ဟင်းရည်တည်ထားတုန်းမှာ ကိုယ်ထည့်ပြုပ်စားချင်တဲ့ အသား ၊ ပုဇွန် ၊ ကြက်အူချောင်း ၊ ငဖယ်လုံးနှင့် ပြောင်းဖူးတို့ ဟင်းသီး ဟင်းရွက်တွေကို အဆင်သင့်ပြင်ဆင်ထားပါ ။
- ဟင်းရည်က ပွက်ပွက်ဆူလာပြီ ဟင်းအနှစ်တွေလဲ အနယ်ထိုင်လာပြီဆိုရင်တော့ ပထမဦးဆုံး ရေစိမ်ထားတဲ့ (ပဲကြာဇံ၊ အသားတု၊ ကျောက်ပွင့်၊ ကြွက်နားရွက်မှိုတို့နဲ့စားချင်တဲ့အသားတို့ ပုဇွန်တို့)ကို ဟင်းရည်အိုးထ ဲထည့်ပြုတ်လို့ရပါပြီ ။
- ပြီးရင် အကျက်နည်းနည်းကြာတဲ့ မှိုတို့ ပြောင်းဖူးတို့ အသားလုံး ကြက်အူချောင်းတို့ပါ ထည့်ပြုတ်ပြီး မီးကိုအေးအေးထားပြီး နောက်ဆုံး စားခါနီးမှ ကြက်ဥဖောက်ထည့် ပန်းဂေါ်ဖီတို့ မုံညှင်းတို့ နာက်ဆုံးမှထည့်လိုက်ပါ။
ပြီးရင်တော့ အရသာရှိလှတဲ့ မာလာဟော့ပေါ့စားလို့ရပါပြီ။
No comments:
Post a Comment