ပုစွန်ကျားငပိထောင်း


ဆီပြန်ဟင်း၊ အရွက်ကြော်၊ ငပိရည်၊ တို့စရာတွေကစားလို့ကောင်းပေမယ့်လည်း တခါတလေအရည်ဟင်း လေးတွေအတွက်တော့ ငပိထောင်းနဲ့မှ ပိုစားလို့ကောင်းသွားတတ်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာ ပုစွန်ငပိ ထောင်းလေးပြင်ဆင်ပုံအဆင့်ဆင့်လေးကို ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်း

  • ပုဇွန်ကျား – ၆ ကောင် (အရွယ်တော်)
  • ငပိစိမ်းစား – ၂ ဇွန်း (ဟင်းစားဇွန်း)
  • ငရုတ်သီးစိမ်း – ၁၅ တောင့် (အစပ်စားနိင်သလောက်)
  • ကြက်သွန်ဖြူသေး – ၁ လုံး
  • ဆီ – ၄ ဇွန်း (ဟင်းစားဇွန်း)
  • သံပုရာသီး – ၁ လုံး

ပြင်ဆင်ပြုလုပ်နည်း

  1. ပုဇွန် ၊ ငရုပ်သီး ၊ ကြက်သွန်ဖြူ လှော်ထားပါ။
  2. ငါးပိကို မီးကင် (သို့မဟုတ်) ရေနွေးငွေ့ ဖြင့် အနံ့မွှေးလာအောင် ကင် (သို့မဟုတ်) ပေါင်း ထားပါ။
  3. ဆုံထဲမှာ ငရုတ်သီးလေးတွေ အရင် ထောင်းပါ။ 
  4. ညက်လျင် ပုဇွန်များ ထည့်ထောင်း ပါ။
  5. ကြက်သွန်ဖြူများ ထည့်ထောင်း ပြီး ပန်းကန်ထဲ ဆယ်ယူပြီး. ဆီများ ရွှဲရွှဲလောင်း ပြီး စိမ်ထားပါ ။      
    စား ခါနီး မှာသံပုရာ ၊ မန်ကျည်းနှစ်များ ဆမ်းပေး ပါ ။

No comments:

Post a Comment

@templatesyard