မန်ကျဉ်းသီးပူစီနံငပိထောင်း

 ပူရှိန်းပူစပ်နှင့် လျှာလည်သွားစေမယ့် ငပိထောင်းမန်ကျဉ်းသီး နှင့် ပူစီနံ ငပိထောင်း

ပါ၀င်ပစ္စည်းများ

  • ငရုတ်သီး စိမ်း ၁၀ ကျပ်သား (အစပ်မျိုး၊ အညာချွေထားပါ)
  • စိမ်းစားငပိ ၂ ဇွန်း ခွဲ စားပွဲဇွန်း (ငပိ ကိုမီး ပူရုံလေးနှင့် ဖုတ်ပါ မွှေးလာသည်ထိပါ)
  • ဆား တစ်၀က် ဇွန်း လက်ဖက်ဇွန်း
  • သကြား ၁ ဇွန်း ခွဲ လက်ဖက်ဇွန်း
  • မန်းကျီးအဆန်ချောင် ၇ တောင့် (အခွံခွာပြီး အသားများပါးပါးလှီးထားပါ)
  • ပုဇွန်ခြောက်မှုန့် ၂ ဇွန်း စားပွဲဇွန်း
  • ပူစီနံ ၁ စီး (အရွက်ချွေထားပါ)

ပြုလုပ်နည်း

  1. စိမ်းစားငပိ ကို ဖုတ်ရာ မှာ မီးမျှင်မျှင်လေးနဲ့ ဖုတ် ပြီး မတူးပါစေနှင့်၊ အနံမွှေးယုံသက်သက်ပါ။
  2. ငရုတ်သီး ကို အရင်ညက်အောင်ထောင်းပေးပါ။ ပြီးလျှင် မန်းကျီးအသားဖတ် များထည့်ပြီး အတူ ထောင်း ပေးပါ။ (ကြိတ်စက် နဲ့ ကြိတ် လျှင် ပိုမြန်ပြီး ငရုတ်စေ့ တွေလည်း ညုက်လွယ်ပါတယ်)။
  3. ညက်လာ သော ငရုတ်သီး ထဲ ကျန်ပစ္စည်းများ ထည့် ပြီး ထောင်းပါ။ ဆား အပေါ့အငန် မြည်းပြီး လျှင် လေလုံ ဗူးထဲမှာ ထည့်ပြီး ကြာကြာ အထားခံအောင် ရေခဲသေတ္တာထဲမှာ ထားလို့ ရပါတယ်။ 
  4. စားသုံး ခါနီး မှ ရေခဲ သေတ္တာထဲ ကနေ မိနစ် ကြိုထုပ်ထားပါ။ စားမယ့်လောက် ကို ပန်းကန် ထဲ ထည့်ပြီး ကြိုက်နှစ် သက်ရာ ရာသီပေါ် တို့စရာဖြင့် စားသုံးနိုင်ပါသည်။

No comments:

Post a Comment

@templatesyard