၀က်နံရိုးသရက်သီးကင်းဆားရည်စိမ်


အရသာဆိမ့်ဆိမ့်ချဉ်ချဉ်လေးနဲ့ စားကောင်းပြီးထူးခြားတဲ့ ဟင်းလေးတစ်မယ်ဖြစ်ပါတယ်။သရက်သီးဆား ရည်စိမ် အလုံးကြီးခပ်ပျော့ပျော့ကိုသုံးရင် ချဉ်ချဉ်လေးဖြစ်ပြီး သရက်သီးကင်းလေးကတော့ အဖန်အရသာ လေးပေးပါတယ်။ ၀က်နံရိုးရဲ့ အီတဲ့အရသာကိုလည်း ချေဖျက်ပေးပါတယ်။ ချက်နည်းရှင်းရှင်းလေးကို ချက်ကြည့်ရအောင်။ ဒီအရသာ ကောင်းတဲ့ ဟင်းလေးအတွက်ကတော့ အချိန်လေးနည်းနည်းပိုပေးလိုက်ပါ။

ပါ၀င်ပစ္စည်းများ

  • ၀က်နံရိုး - ၂၀ သား
  • သရက်သီးဆားစိမ်အလုံးကြီးပျော့ပျော့ - ၁ လုံး (အစေ့ဖယ်ထားပါ)
  • သရက်သီးအကင်းဆားစိမ် - ၂ လုံး (အကွင်းလိုက်ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ - ၂ ဥ
  • ကြက်သွန်ဖြူ - ၃ တက်
  • ချင်း - အနည်းငယ်
  • ဆား - အရသာအတွက်စိတ်ကြိုက်ပမာဏ
  • သကြား - ဆားပမာဏ ၃ ချိုး ၁ ချိုး
  • ရောင်တင်မှုန့် - အနည်းငယ်

ချက်ပြုတ်ပုံ

  1. ၀က်နံရိုးများကို ဆား၊ သကြား၊ အရောင်တင်မှုန့်တို့နှင့်ရောပြီး သရက်သီးဆားရည်စိမ် အလုံးကြီးကိုခြေထည့်။ ကြက်သွန်ဖြူနီချင်းတို့ကို ညက်နေအောင် ထောင်းပြီး ရောနယ်နှပ်ထားပါ။
  2. ဆီလုံး၀မသုံးဘဲ ဟင်းအိုးကို ရေအနည်းငယ် မီးပျော့ပျော့ဖြင့် အဖုံးအုပ်ပြီး လုံး ထားပါ။
  3. ဟင်းအိုးရေခန်းပြီး အနံ့မွှေးလာလျှင် နောက်ထပ်တစ်ရေထည့်ပြီး ဆက်တည် ထားပါ။
  4. ဟင်းရည်တစ်၀က်ကျချိန်တွင် လှီးထားသောသရက်သီးများထည့်ပေးပြီး ဆီပြန် ရေကျန် အနှစ်ကျ အနေအထားမျိုးမှာ ဟင်းချက်ခြင်းကို အဆုံးသတ်ပေးပါ။

    မှတ်ချက် - သရက်သီးအလုံးကြီးမှာ အပြင်ခွံကိုဖယ်နိုင်ရင် အဖန်ဓာတ်သက်သာစေ ပါတယ်။
    အရိုးဟင်းများကတော့ ထုံးစံအတိုင်း မီးငွေ့ငွေ့နဲ့ အချိန်ပေး ချက်နိုင်ရင် ပိုအရသာရှိပါတယ်။


No comments:

Post a Comment

@templatesyard