ပူတင်းဂျယ်လီ


ပါဝင်ပစ္စည်း

  • ကြက်ဥ၅လုံး
  • Full cream milk 1 liter
  • Vanilla အနံ့ လက်ဖက်ရည်ဇွန်း၁ဇွန်း
  • အဝါရောင် ၃စက်
  • သကြား ထမင်းစားဇွန်း ၁၂ဇွန်း
  • Jelly powder လက်ဖက်ဇွန်း ၅ဇွန်း

ပြုလုပ်နည်း

  1. ကြက်ဥ၊ နို့၊ ဗီနီလာအနံ့ရည်၊ အဝါရောင်အရည်၊ သကြား၆ဇွန်း blenderဖြင့်ညက်အောင်မွှေထားပါ။
  2. ရေ၁လီတာခွဲ၊ jelly powder ၅ဇွန်း၊ သကြား ၆ဇွန်းတို့ကို နာရီဝက်ကျိုပေးပါ၊ အဆက်မပြတ်မွှေပေးပါ။
  3. ပွက်ပွက်ဆူပြီး အရည်တွေပျစ်လာပြီဆိုရင် မွှေထားတဲ့ နို့၊ ကြက်ဥ အရည်တွေကိုလောင်းထည့်ပြီး နှံ့အောင် အမြန်မွှေပါ။
  4. ၁၀မိနစ်လောက်မွှေပြီးရင် ဗန်းထဲလောင်းထည့်ပြီး ရေခဲသေတ္တာထဲမှာ၂နာရီလောက်ထည့်ထားလိုက်ရင်
  5. အလွန်စားကောင်းတဲ့ ပူတင်းဂျယ်လီလေးရပါပြီ။


No comments:

Post a Comment

@templatesyard