မရမ်းသီးစိမ်းငါးပိထောင်း

ပါဝင်ပစ္စည်းများ

  • မရမ်းသီးနုနု.....................၂၀လုံးခန့်
  • ကြက်သွန်ဖြူ......................၅တက်
  • ငရုတ်သီးစိမ်း.. ..................၁၀တောင့်ခန့်
  • အာဝါးသီး.........................၂တောင့်
  • မျှင်ငါးပိ............................၁ဇွန်း
  • ပုစွန်ခြောက်......................၁ဇွန်း
  • ပဲဆီသန့်..........................၃ဇွန်းခန့်

ထောင်းနည်း

1. မရမ်းသီးကိုထက်ခြမ်းခွဲပြီးအစေ့ထုတ်၊ခပ်ပါးပါးလှီးပါ။မရင့်သေးတဲ့အတွက်ဆားထည့်နယ်ပြီးဆေးဖို့မလိုသေးပါဘူး။

2. ရေဆေးပြီးရေစင်အောင်ညှစ်ထုတ်ထားပါ။

3. မျှင်ငါးပိကိုဇွန်းပြားလေးမှာကပ်ပြီးမီးကင်ပါ။

4. ငရုတ်သီးစိမ်း ၊ ကြက်သွန်ဖြူ၊ ပုစွန်ခြောက်တို့ကိုမွှေးနေအောင်လှော်ပေးပါ။

5. လှော်ထားတဲ့ငရုတ်သီးအရောကိုဦးစွာညှက်အောင်ထောင်းပါ။ညှက်သွားလျှင်မီးကင်ထားတဲ့ငါးပိထည့်ထောင်းပါ။

6. သမအောင်မွှေထောင်းပြီးပြီဆိုမှပါးပါးလှီးထားတဲ့မရမ်းသီးတွေထည့်ထောင်းပါ။

7. ဆား၊ဟင်းခတ်မှုန့်တို့ဖြင့်အရသာဖြည့်စွက်ပြီးအနည်းငယ်သမသွားအောင်ထောင်းပါ။

8. နှစ်သက်ပါကပဲဆီသန့်သန့်လေးလောင်းထည့်ပြီးမွှေပေးပါ။

No comments:

Post a Comment

@templatesyard