ကြက်ခြေထောက်ချဉ်စပ်


မိုးအေးအေးနဲ့ လိုက်ဖက်လှတဲ့ ကြက်ခြေထောက်ချဉ်စပ်ဟင်းရည်ချက်နည်း။

ပါဝင်ပစ္စည်းများ

  • ကြက်ခြေထောက် ၆ ချောင်း (ဆေးကြောပြီး ခြေချောင်းတွေနဲ့ ဒူးရိုးသက်သက်ဖြစ်အောင် နှစ်ပိုင်းပိုင်းထားပါ)
  • မုန်ညင်းဖြူ ၁၅၀ ဂရမ် (အနေတော်အရွယ်လေးတွေ လှီးထားပါ)
  • စပါးလင် ၂ ချောင်း (အောက်ခြေ ၄ လက်မခန့်ကို ယူပြီး ဓားပြားရိုက်ထားပါ)
  • ဂျင်း ၃ ပြား (ပါးပါးလှီးထားသော)
  • ရှောက်ရွက် ၄ ရွက်
  • ကြက်သွန်ဖြူ ၄ မြွှာ
  • ဆား လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်အကြည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ခရုဆီ လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ငရုတ်သီးအစိမ်း ၃ တောင့် (မညက်တညက်ထောင်းထားပါ)
  • ငရုတ်သီးအနီ ၃ တောင့် (မညက်တညက်ထောင်းထားပါ)
  • ကြက်သွန်မြိတ် ၃ ပင် (ခပ်သေးသေးလှီးထားပါ)
  • နံနံပင် ၅ ပင်
  • ရေ ၀.၅ လီတာ

ချက်ပြုတ်ပြင်ဆင်ပုံ

၁။ အိုးကို မီးအေးအေးနဲ့ အပူပေးထားပါ။ သန့်စင်ထားတဲ့ ကြက်ခြေထောက်တွေကို အိုးထဲ ထည့်ပြီး စပါးလင်၊ ဂျင်း၊ ကြက်သွန်ဖြူနဲ့ ဆားတို့ ထည့်ကာ ရေကို ကြက်ခြေထောက်မြုပ်တဲ့အထိ ထည့်ပါ။

၂။ မီးအေးအေးနဲ့ မိနစ် ၃၀လောက်တည်ထားပေးပါ။

၃။ ပြီးရင် မုန်ညင်းဖြူ၊ ကြက်သားမှုန့်၊ ပဲငံပြာရည်အကြည်နဲ့ ခရုဆီထည့်ပြီးတော့ နောက်ထပ် မိနစ် ၂၀ လောက် ဆက်တည်ထားပါ။

၄။ ထောင်းထားတဲ့ ငရုတ်သီးကို ထည့်ပြီး အပေါ်က ကြက်သွန်မြိတ်နဲ့ နံနံပင်အုပ်ပြီးရင် မီးပိတ်လိုက်ပါ။

၅။ ပြီးရင်တော့ ရှောက်ရွက်၊ နံနံပင်နဲ့ သံပုရာသီးနှစ်စိတ်ခန့်ကို ညှစ်ထည့်ပြီး ကြက်ခြေထောက်ချဉ်စပ်ဟင်းရည်ကို ပူပူနွေးနွေးသုံးဆောင်နိုင်ပါပြီ။


ဝယ်လာတဲ့ ကြက်ခြေထောက်တွေကို သေချာရေစင်အောင်ဆေးပါ။ ထမင်းစားခါနီးမှကြက်ခြေထောက်ချဉ်စပ်ဟင်းရည်ကို ချက်စားရင် ပူပူနွေးနွေးနဲ့ အရသာပိုစားကောင်းပါတယ်​။


No comments:

Post a Comment

@templatesyard