မုန်ညင်းစော


ဒေသအလိုက် ချက်နည်းလေးတွေတော့နည်းနည်းဆီကွဲ သွားကြပါတယ်။

ချက်နည်းလေး 

၁။ ၀က်သားသုံးထပ်သား/ ၀က်ရိုးကိုပြုတ်ပါ။

၂။ မန်ကျည်းမှည့်၇ည်၊ ဆား၊ ကြံသကာ၊ ခ၇မ်းချဉ်သီးမှည့်၊ မုန်ညင်းထည့်တည်ပါ။

၃။ မုန်ညင်းအ၇မ်းမနူးခင် မီးဖိုပေါ်ကချပြီး နံနံပင်၊ ငရုတ်သီးစိမ်းနဲ့တွဲဖက်ပြီးပူပူနွေးနွေးသုံးဆောင်နိုင်ပါပြီ။ 

နောက်တစ်နည်းက မန်ကျည်းမှည့်မထည့်ပဲမုန်ညင်းချဉ်‌ ရောင်းတဲ့အသည်ဆီကမုန်ညင်းချဉ်ရည်ကို၀ယ်လာပြီး၀က်သားနဲ့တစ်ခါတည်းတည်ရင်လည်းရပါတယ်။ ကျန်တာတော့အတူတူပါပဲ။

၀က်သားသုံးထပ်သားထည့်ချက်ထားပေမယ့်လည်း ချိုချဉ်အရသာကြောင့်လုံး၀မအီပဲ မန်ကျည်းမှည့်နဲ့ ကြံသကာအနံ့လေးကြောင့်အ၇မ်းကိုမွှေးပျံ့ပါတယ်...ကြက်သားနဲ့တော့မလိုက်ပါဘူး....အသားမထည့်ပဲ မုန်ညင်းနဲ့ပဲ သက်သတ်လွတ်ချက်ရင်လည်းရပါတယ်...

နောက်တစ်ချက်ကတော့ မုန်းညင်းစော ဟာ ကြာကြာတည်ထားလေ ပိုအိပြီး ပို စားကောင်းလေ ဆိုတာပါပဲ ။


No comments:

Post a Comment

@templatesyard