ကြက်သားလုံးကညွတ်နှင့်မှိုဟင်းချို


ပါဝင်ပစ္စည်းများ

  • ကြက်သားစဉ်းကော - ၂၀ဝ ဂရမ် (အရသာသွင်းပြီး)
  • ကညွတ် - ၁၀ဝ ဂရမ် (အခွံနွှာပြီး ၁ လက်မအရှည်လှီးထားပါ)
  • ရှီမေးဂျိမှို - ၁၀ဝ ဂရမ် (သန့်စင်ပြီး ထက်ဝက်လှီးဖြတ်ထားပါ)
  • ကြက်ဥ - ၁ လုံး
  • ဂျုံမှုန့် - ၅၀ ဂရမ်
  • ကော်မှုန့် - ၂၅ ဂရမ်
  • ကြက်သွန်ဖြူ - ၄ ဂရမ် (အခွံနွှာပြီး ဓားပြားရိုက်ထားပါ)
  • ကြက်သားအရသာမှုန့် - ၃ ဇွန်း
  • ဆား၊ ငရုတ်ကောင်းမှုန့် - အနည်းငယ်
  • ကြက်ပြုတ်ရည် - ၄၀ဝ မီလီလီတာ


ပြုလုပ်နည်း

၁။ ကြက်ပြုတ်ရည် ၄၀ဝ မီလီလီတာကို ကြက်သားမှုန့် ၁ ဇွန်းနှင့် ဆူအောင် ကျိုထားပါ။
၂ ။ ဇလုံတစ်လုံးထဲ ကြက်သားစဉ်းကောကို ဆား၊ ငရုတ်ကောင်း၊ ကြက်သားမှုန့် ၁ ဇွန်း၊ ကြက်ဥ၊ ဂျုံမှုန့်၊ ကော်မှုန့်တို့နှင့် သမအောင် ရောမွှေထားပါ။
၃ ။ ကြက်ပြုတ်ရည်ဆူလျှင် အသင့်အရသာသွင်းထားသော ကြက်သားစဉ်းကောကို ဇွန်းဖြင့် ခပ်လုံးပြီး ကျက်အောင် ချက်ထားပါ။
၄ ။ ကြက်သားလုံးများ ကျက်လျှင် ဟင်းချိုရည်ကို ကြက်သွန်ဖြူ ဓားပြားရိုက်ထည့်ပါ။ ကြက်သားအရသာမှုန့်၊ ဆားတို့ဖြင့် အရသာထိန်းညှိပေးပါ။
၅ ။ ဟင်းချိုရည်ကို အရသာသွင်းပြီးလျှင် ကညွှတ်နှင့် ရှီမေးဂျိမှိုတို့ကို ထည့်ချက်ပါ။
၆ ။ ဟင်းချိုရည် အဆင်သင့်ဖြစ်လျှင် ငရုတ်ကောင်းမှုန့် အနည်းငယ်အုပ်၍ ပန်းကန်လုံးထဲ ထည့်ပြီး သုံးဆောင်ပါ။


No comments:

Post a Comment

@templatesyard