ကြက်သားချဉ်စပ်ကြော်


ပါဝင်ပစ္စည်းများ

  • ကြက်သား - ၁၅ကျပ်သား
  • ကြက်သွန်နီ - ၂လုံး
  • ဂျင်း၊ ကြက်သွန်ဖြူ (ထောင်းပြီးသား) - လက်ဖက်စားဇွန်းတဇွန်း
  • ဆား -ဇွန်းတဝက်
  • ဟင်းခပ်မှုန့် - တစ်ဇွန်း
  • ကော်မှုန့် - တစ်ဇွန်း
  • ငရုပ်ချဉ် - တစ်ဇွန်း စားပွဲတင် (စျေးတွင်ရှမ်းချဉ်ဖြင့်တွဲရောင်းသောငရုပ်ချဉ်)
  • ခရမ်းချဉ်သီး - အကြီး ၁လုံး
  • ငရုတ်ပွသီး - ၁လုံး
  • ကြက်သွန်မိတ် - ၂ပင်
  • ငရုပ်သီးစိမ်းနီ -အနည်းငယ်
  • သံပုရာသီး
  • ဆီအနည်းငယ်


 ချက်ပြုတ်နည်း

1. ဦးစွာပထမကြက်သားကိုအတုံးသေးသေးတုံးကာဆား၊ဟင်းခပ်မှုန့်၊ဂျင်းကြက်သွန်ဖြူထောင်း ကော်မှုန့် ထည့်ပြီးနယ်ထားပါ။ ၁၅မိနစ်ခန့် နှပ်ထားပေးပါ။

2. ကြက်သွန်နီမထူမပါးလှီးထားပါ။ ငရုတ်ပွကိုလည်း ခြမ်းထားလှီးထားပါခရမ်းချဉ်သီးသုံးမြောင်းခပ်ထူထူ စိတ်ထားပါ။ ငရုပ်သီးထပ်ခြမ်းခြမ်းထားပါ။ ကြက်သွန်မိတ် တစ်လက္မအရှည်ဖြတ်ထားပါ။

3. အားလုံးအဆင်သင့်ဖြစ်ပါကဒယ်အိုးတွင်ဆီထည့်ပြီးအပူပေးပါ(ဆီအနည်းငယ်ပိုထည့်ပေးမှဟင်းပွဲလှပါတယ်။) ဆီပူလျှင်ကြက်သွန်ထည့်ပြီးကြော်ပါ။မီးပြင်းဖြင့်အရောင်ပြောင်းရုံကြော်ပါ။ငရုပ်ချဉ်ထည့်ပါ(မွှန်ပါတယ်)။ ကြက်သားထည့်ကြော်ပါ။

4. ကြက်သားအရောင်ပြောင်းပါကကြက်ပြုတ်ရည်(သို့မဟုတ်)ရေအနည်းငယ်ထည့်ပေးပါနည်းနည်းစီထည့်‌ ပေးပါ။

5. ကြက်သားကျက်ပါကသံပုရာသီးညစ်ပြီးအရသာအပေါ့အငံမြည်းပါ။ ငရုပ်သီးခြမ်း၊ ခရမ်းချဉ်သီး၊ငရုတ်ပွ သီး၊ ကြက်သွန်မိတ်ထည့်ပြီးသမအောင်မွေပြီးမီးဖိုမှချကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။


    (မီးပြင်းဖြင့်ကြော်ပြီးအရည်စပ်စပ်ဖြင့်ချပါ။ကြက်သွန်တအားခြောက်ပြီးနွမ်းလျှင်စား မကောင်းပါ။)


No comments:

Post a Comment

@templatesyard