ငါးကချင်ချက်

ပါဝင်သောပစ္စည်းများ

  • ကြိုက်နှစ်သက်ရာငါး - ၅၀ သား
  • ဂျင်း - လက်တဆစ်
  • ကြက်သွန်ဖြူ - ၅ မွှာ
  • ကြက်သွန်နီ - ၁ လုံး
  • ရှမ်းနံနံ - ၁၀ ရွက်
  • ပင်စိမ်း - ၅ ပင်
  • ဖက်ဖယ်ရွက် - ၅ ပင်
  • ငရုတ်သီးစိမ်း - ၇ တောင့်
  • ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆနွင်း - လက်ဖက်ရည်ဇွန်း တဝက်
  • ဆီ - ထမင်းစားဇွန်း ၁ ဇွန်း
  • မက်လင်ချဉ်ခြောက်(သို့) ချဉ်စော်ခါးသီးခြောက် - ၃ ခု (မရှိလျှင် မန်ကျည်းမှည့်ရည်ကိုထည့်ပါ။)

( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

 ချက်ပြုတ်နည်း

၁။ ဂျင်း နှင့် ကြက်သွန်ဖြူကို အရင်ညက်အောင်ထောင်းထားပါ။
၂။ ငါးကို ဇလုံတခုထဲထည့်၊ ထောင်းထားသော ဂျင်း၊ကြက်သွန်ဖြူမှ အရည်ညှစ်ထည့်၊ဆား၊ ဆနွင်းတို့ထည့်ရ်ျ ခဏနှပ်ထားပါ။ (ဂျင်း၊ကြက်သွန်ဖြူ အဖတ်များကိုမလွှင့်ပစ်ပါနဲ့)
၃။ ကြက်သွန်နီကိုထောင်းပါ။ ရှမ်းနံနံ၊ပင်စိမ်း၊ဖက်ဖက်ရွက်နှင့် ငရုတ်သီးတို့ကိုလဲထောင်းထားပါ။ မက်လင်ချဉ်ခြောက် (သို့) ချဉ်စော်ခါးသီးခြောက်ကို ရေနွေးလေးဖြင့်စိမ်ထားပါ။
၄။ ချက်မည့်အိုးထဲကို ဆီထည့်၊ ဆီပူလာလျှင် ထောင်းထားသော ဂျင်း၊ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ရှမ်းနံနံ၊ပင်စိမ်း၊ဖက်ဖယ်ရွက်တို့ကိုဆီသတ်ပါ။
၄။ မွှေးလာလျှင် နှပ်ထားသောငါးများကိုထည့်လုံးပါ။ ရေကို ငါးရဲ့တဝက်ခန့် မြုပ်အောင်ထည့်ပြီးတည်ပါ။ ပွက်လာလျှင် ရေနွေးစိမ်ထားသော မက်လင်ချဉ်ခြောက်( သို့) ချဉ်စော်ခါးသီးခြောက်များကိုထည့်ပါ။ စိမ်ထားသော ရေနွေးများပါထည့်ပါ။
၅။ ၁၅ မိနစ်လောက်တည်ပြီးလျှင်အပေါ့အငံမြည်း၍ အရည်ခန်းလျှင်မီးဖိုပေါ်မှချ၍သုံးဆောင်နိုင်ပါပြီ။


No comments:

Post a Comment

@templatesyard