ပါဝင်ပစွည်းများ
- ကြက်သွန်ဖြူ+နီ အနည်းငယ်
- ငရုပ်သီးအစိမ်းမူန့်
- ဂျင်း+ ပျဉ်တော်သိမ်းရွက်+မာဆလာ
- အာလူးအနည်းငယ်
- ဘူးသီးတစ်စိမ့်
- ပဲသီးတစ်စည်း
- ဒန့်ဒလွန်သီး သုံးတောင့်
- ရွှေဖရုံသီး တစ်စိပ်
- ခရမ်းသီးရှည် တစ်လုံး
- ပန်းဂေါ်ဖီ အနည်းငယ်
- ရုံးပတေသီး နှစ်တောင့်
- မန်းကျည်းသီး အနည်းငယ်
- ငရုပ်သီးစိမ်း သုံးတောင့်
- ကုလားပဲ တစ်ဆယ်သား
ချက်ပြုတ်နည်း
(1)ကုလားပဲ ကို နူးအိနေအောင် ပြုတ်ရပါမယ် ပဲစိများ ကြေသွားသည်ထိပြုတ်ပါ တကယ်လို့မကြေခဲ့ရင်
ပဲများကိုဆယ်ထုပ်ပီး ထောင်း/ကြိတ် ခြင်းပြုလုပ်ထားပါ။
(2) ကြက်သွန်ဖြူ၊အနီ ဆီသပ်လို့နီးလျှင် ငရုပ်သီးအစိမ်းမူန့်ထည့်ပါ။
(3) ဂျင်း၊ပျဉ်တော်စိမ်း၊မာဆလာ တို့ကိုထဲ့ပီး အနံ့မွှေးလာသည်ထိ ဆီသတ်ပါ။
(4)အာလူး ၊ရွှေဖရုံသီး ၊ပဲသီး ၊ဒန့်ဒလွန်သီးနှင့် ဘူးသီး တို့ကို အနေတော် တုံး/စိပ်၍ ရေစင်အောင် ဆေးပြီး ဆီသတ်ထားသောအိုးထဲသို့ ထဲ့ပါ။
(5) ခရမ်းသီးနှင့် ပန်းဂေါ်ဖီ တို့ကို အနေတော် လှီးပြီး ထဲ့ပါ။
(6) ကြေညပ်အောင် ထောင်း/ကြိပ် ထားသော ကုလားပဲကို ထည့်ပါ ရေလိုလျှင် ရေနွေကိုပြုတ်ပီး လိုသလောက် ထဲထည့်ပြီးမွှေပါ။
(7) ဟင်းခတ်မှုန့် အရသာမှုန့် နှင့် ငံပြာရည် တို့ကိုအရသာမြည်းကာ လိုသလောက် ထဲ့ပါ။ (၁၀မိနှစ်လောက်အဖုံးအုပ်ထားပေးပါ)အဖုံးအုပ်ထားသောအိုး ပွတ်ပွတ်ဆူလားပီးဆိုရင် ခရမ်းသီးနှင့် ငရုပ်သီးစိမ်း(ရိုက်ပြာပီး ထက်ခြမ်းခွဲထားပါ) တို့ကို ထည့်ပါ။
(9) မန်းကျည်းရည် ကို အနဲငယ်သာ ထည့်ပီးကိုယ်ကြိုက်နှစ်သက်တဲ့ အရသာကို ပြုပြင်ပါ။ ၁၀မိနှစ်လောက် ကြာသွားရင်တော့ အရသာရှိတဲ့ ပဲကုလာဟင်းကို သုံးဆောင်လို့ရပါပီးဗျ။
(သတိပြုရန် ပဲများကို အနူးမြန်အောင် ညအိပ်ကတယ်က ရေစိမ်ထားပေးပါ)
No comments:
Post a Comment