ဇလုံကြီးထမင်းနယ်


ပါဝင်ပစ္စည်းများ

  • ထမင်း
  • ခရမ်းချဉ်သီး ငပိချက် (မနက်ကချက်)
  • ငပိရည်
  • ကြက်အူချောင်း
  • ကြက်သလုံး
  • ပဲပြားအချိုကြော်
  • တို့စရာအစုံ (သခွားသီး ၊ ခရမ်းသီးပြုတ် ၊ သရက်ရေစိမ် ၊ ကြက်သွန်နီတလုံး)


ပြုလုပ်ပုံ

1. ဇလုံကြီးးထဲမှာ ထမင်းထည့်ပြီး မနက်က ချက်တဲ့ ခရမ်းချဉ်သီး ငပိချက် များများရယ် ၊ ငပိရည်ရယ် ၊ သေချာနယ်ပါ ။
2. ပြီးလျင် ကြက်အူချောင်း ၊ ကြက်သလုံး ၊ ပဲပြားအချိုကြော်လေးကို ပုံပြီး ၊ တို့စရာ အစုံ ၊ သခွားသီး ၊ ခရမ်းသီး ပြုတ် ၊သရက်ရေစိမ် ၊ ကြက်သွန်နီ တလုံးနဲ့ ဇွန်းရတဲ့သူက မေ့ချင်ယောင် ဆောင်ပြီး ပြန်မပေးတော့ဘဲ အယ့်လို လုစားကြပါတယ် ။ သောက်ရေ မတ်ခွက်ကြီး အပြည့်ထည့်ပြီး ရေသောက်လိုက် ၊ စားလိုက် နဲ့ ရှုးရှဲ ရှုးရှဲပေါ့ ။


No comments:

Post a Comment

@templatesyard