ထောပတ်ထမင်း

 


ပါ၀င်ပစ္စည်းများ

  • ဘာစမာတီ ဆန် – နို့ဆီဘူး ၂လုံး (ရေဖြင့် ဆေးထားပေးပါ)
  • ထောပတ် – ၈၀ ဂရမ်
  • မုန်လာဥနီ – ၁ခွက်စာ (အတုံးလတ်များ တုံးပါ)
  • ပဲသီး (သို့) ဘိုစားပဲ – ၁ခွက် (အတုံးလတ်များ တုံးပါ)
  • စပျစ်သီးခြောက် (အမဲ) – ၁ခွက်စာ
  • သီဟိုဌ်စေ့ – ၁ခွက်စာ (ထက်ခြမ်းခြမ်းထားပါ)
  • ပြောင်းဖူးစေ့ – ခွက်တစ်၀က်စာ (optional)
  • ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)
  • ကလဝေရွက် – ၃ရွက်
  • သစ်ကျပိုးခေါက် – ၁ခု
  • ဖာလာစေ့ – ၄စေ့
  • လေညှင်းပွင့် – ၄ခု
  • ဆား – လက်ဖက်ရည်ဇွန်း ၃ဇွန်း
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၃ဇွန်း
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ


ချက်ပြုတ်နည်း

၁။ ဒယ်ထဲ ထောပတ်များကို ထည့်ပြီ ထောပတ် အရည်ပျော်လျှင် ကြက်သွန်နီများကို ဆီပူထိုးပေးပါ။

၂။ ပြီနောက် သစ်ဂျပိုး၊ ကလဝေရွက်၊ လေညှင်း၊ ဖာလာစေ့များကို ထည့်ပြီ ၁မိနစ်ခန့် ရောမွှေပေးပါ။

၃။ ပြီမှ သီဟိုဌ်စေ့၊ မုန်လာဥနီ၊ ပဲသီး(သို့)ဘိုစားပဲ၊ ပြောင်းဖူး တို့ထည့်ပြီ နောက်ထပ် ၁မိနစ်ခန့် တည်ထားပါ။

၄။ ထို့နောက် ဆန်ထည့်ထားသော Rice Cooker ထဲသို့ ဒယ်ထဲမှ ထောပတ်ရည်၊ မုန်လာဥနီ၊ ပဲသီး၊ ပြောင်းဖူး၊ သီဟိုဌ်စေ့၊ စပျစ်ခြောက်၊ spices တို့ကို လောင်းထည့်လိုက်ပါ။

၅။ ရေ(၃ခွက်)၊ ဆား၊ ကြက်သားမှုန့်တို့ကို ထည့်ပြီ ထမင်းရိုးရိုးချက်သလိုပဲ ချက်ပေးပါ။

၆။ ထောပတ် ထမင်းကျက်ပြီဆိုလျှင် သမအောင် ယောက်မဖြင့် ရောမွှေလိုက်ပါ။

ရ။ ထို့နောက် အရသာ အနေတော်လျှင် အရသာ ရှိသော ထောပတ်ထမင်းကို ကြက်သားဟင်း၊ ငပိကြော်၊ ချဉ်ပေါင်ရွက် ဟင်းချို တို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။


No comments:

Post a Comment

@templatesyard