ခေါက်ဆွဲကြော်


ပါဝင်ပစ္စည်း

  • ခေါက်ဆွဲ
  • ကြက်သား (သို့) ဝက်သား (ကြက်အသဲပါထည့်ကြော်ပါတယ်)
  • ကြိုက်နှစ်သက် ရာ အသီးအနှံ
  • ကြက်သွန်နိ /ဖြူ
  • ကြက်ဥ ငရုပ်ကောင်း
  • ပဲငန်ပြာရည် 
  • သကြား 
  • ဆား 
  • အရသာမူန့်
  • ဆီ

ကြော်ချက်နည်း

1. ခေါက်ဆွဲ ကို ရေနွေးဖျော်ပါဇကာဖြင့် စစ်ထားပါ။  ခေါက်ဆွဲရေစစ်ထားချိန် အသီးအနှံများအနေတော်လှီးပါ
ကြက်သွန်နီ လေးစိတ်ကွဲလှီးပါ၊ ကြက်သွန်ဖြု တပြားရိုက်ထားပါ၊ ကြက်သားကို အနေတော်အတုံးသေးများ တုံးပါ၊ ပြီးရင် ပဲငန်ပြာရည် ဆားသကြား ငရုပ်ကောင်း ဖြင့်နယ်ပါခေါက်ဆွဲကို ပဲငန်ပြာရည်နယ်ထားပါ။


2. အိုးထဲဆီထည့် ဆီပူရင် ကြက်သွန်နီ ဖြူ ထည့်အနံမွှေးလာရင် ကြက်သား ကြက်အသဲ (သို့) ဝက်သား ထည့်မွှေပေးပါ ပြီးရင် ရေအနည်းငယ်ထည့် အဖုံးအုပ်ထား၊ရေခမ်းခါနီး အသီးအနှံထည့် သကြား ဆား ထည့် မွှေပေးပါအသီးအနှံများ နွမ်းလာလိမ့်မည်အသီးအနှံမှ ရေထွက်ပါမည် ရေခမ်းခါနီး ခေါက်ဆွဲ ထည့်ပါ
မွှေပေးပါ ပြီးရင် အဖုံး အုပ်ထားပါ။

3. ကြက်ဥ ကိုခလောက်ထားပါဆိုင် ပုံစံ တစ်ပွဲစာစီ ခေါက်ဆွဲပေါ်တင်ပါမည်။အိုးထဲမှာ ခေါက်ဆွဲကြော် အဖတ် အနည်းငယ်ချန်ထားပြီးရင် ခလောက်ထားတဲ့ကြက်ဥထည့်အိုးတူးနံမွှေး၂လေးထွက်လာပါလိမ့်မည် အသင့်ပြင် ထားတဲ့ခေါက်ဆွဲပေါ်တင်ပြီး စားသုံးနိုင်ပါပြီ။




No comments:

Post a Comment

@templatesyard