ကိုးရီးယားရေညှိကြက်ဥလိပ်


ရေညှိကြက်ဥလိတ်အတွက် ပါဝင်ပစ္စည်းများ

  • ကြက်ဥ၂လုံး သို့ ၃လုံး
  • ထမင်းလိပ်လုပ်တဲ့ရေညှိပြား ၂ပြား
  • မရောနိစ် အနဲငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁. ကြက်ဥ၂လုံးကို ဆား,ဟင်းချိုမှုန့်အနဲငယ်ထည့်ပီး ခလောက်ထားပါ

၂. ရေညှိပြား ၂ပြားကိုအဆင်သင့်ပြင်ထားပါ

၃. မီးဖိုကို မီးဖွင့်ကာ အရှိန်လျော့ထားပီး ဆီအနဲငယ်(ပါလေကာ)ထည့်ကာ ဆီတွေကိုဖြန့်ထားပေးပါ။
၄. ဆီပူပေးထားတဲ့ထဲသို့ ကြက်ဥခလောက်ထားတဲ့ထဲက ၃ပုံ ပုံ ၂ပုံကို ဖြန့်ခင်းပီးထည့်ပေးပါ။ (မီးအရှိန်ကို လျော့ထားပါ) ပီးရင်ဖြန့်ခင်းထားတဲ့ ကြက်ဥရဲ့ အစွန်းနားကနေ ဇွန်းအဖျားလေးနဲ့အသာလှန်ယူထားပါ နောက်တော့ ရေညှိပြားကိုကြက်ဥပေါ်ကနေတင်ကာ ကြက်ဥနဲ့ရေညှိပြား တသားတည်းဖစ်သွားအောင် ဖိကပ်ပါလိပ်ပေးပါ။

၅. လိတ်နေရင်း လွတ်သွားတဲ့အပေါ်နေရာမှာ ခုနကချန်ထားတဲ့၁ပုံစာ ကြက်ဥခလောက်ထားတာတွေကို ထပ်ပြီး ဖြန့်ခင်းပါ ပီးရင်ရေညှိပြားတခြမ်းက်ိုခုနကလိုဘဲကြက်ဥပေါ်မှာတင်ပြီး ကြက်ဥနဲ့တသားတည်း ဖြစ်အောင် ဖိကပ်ပေးပီး ခုနကလိပ်လက်စ နေရာကနေအကုန်ပီးသည်အထိ ကျစ်လစ်နေအောင်လိပ်‌ပေးပါ။

၆. လိတ်ပီးသွားပီဆိုရင် ဓါးထက်ထက်နဲ့ ကြက်ဥရေညှိလိပ်ကို လှီးဖြတ်ထားပါ။

၇. "ရေညှိကြက်ဥလိတ်လး"တွေရဲ့ အပေါ်ကနေ မရောနိစ်တွေကို လိုသလောက်ဆမ်း ပြီး စားလို့ရပါပြီ။


No comments:

Post a Comment

@templatesyard