ကပ်ကြေးကိုက်

ကပ်ကြေးကိုက်ကြော်နည်း တကယ့်အစစ်ကတော့ ပင်လယ်စာအစုံနဲ့ပါ။ ပင်လယ်စာ ၃ မျိုး၊ ကြက်သား၊ ၀က်အူချောင်းတို့နဲ့ကြော်ထားပါတယ်။ ကပ်ကြေးကိုက် ကတော့ လူတိုင်းနည်းပါးကြိုက်ကြပါတယ်။ သူ့အရသာက ချဉ်စပ်လေးနဲ့ပဲပြုတ်စိမ့်စိမ့်လေးနဲ့အရမ်းကောင်းပါတယ်။


ပါ၀င်ပစ္စည်းများ

  • ကပ်ကြေးကိုက်ခေါက်ဆွဲ (သို့) ညှပ်ခေါက်ဆွဲ - ၂၅ ကျပ်သား (သို့) ၁ ပေါင်
  • ခေါင်းမပါသော ပုဇွန် - ၁၀ သား
  • ပြည်ကြီးငါး - ၅ ကျပ်သား
  • ဂဏာန်းအသား - ၅ ကျပ်သား
  • ကြက်သား - ၅ ကျပ်သား
  • ၀က်အူချောင်း - ၅ ကျပ်သား
  • ပဲပြုတ် - လက်တဆုပ်စာ
  • ပဲပင်ပေါက် - လက်တဆုပ်စာ
  • ဆီ - ထမင်းစားဇွန်း ၆ ဇွန်း
  • ပအုန်းရည် - ထမင်းစားဇွန်း ၃ ဇွန်း (မရှိလျှင် ရှာလကာရည်ကို အသုံးပြုနိုင်ပါတယ်။)
  • ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် - ထမင်းစားဇွန်း ၂ ဇွန်း
  • သကြား - ထမင်းစားဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်အပျစ် (ကြာညို့) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သားမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်သီး အကြမ်းမှုန့်- ထမင်းစားဇွန်း ၁ ဇွန်း (အစပ်မကြိုက်လျှင် လျော့ထည့်ပါ။)
  • ကြက်ဥ - ၂ လုံး

( ထမင်းစားဇွန်း = 1 tablespoon = 15 ml) (လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)


ပြုလုပ်နည်း

၁။ ခေါက်ဆွဲဖတ်များကို ဖွထားပြီး ငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် အပျစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်သားမှုန့်လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သကြား ထမင်းစားဇွန်း ၁ ဇွန်း၊ ပအုန်းရည်တို့ဖြင့် နယ်ထားပါ။
၂။ ပုဇွန်ကို အခွံနွှာရ်ျ သန့်စင်ထားပါ။ ပြည်ကြီးငါး၊ ကြက်သား၊ ၀က်အူချောင်းတို့ကို ကြိုက်နှစ်သက်ရာ အရွယ်လှီးထားပါ။
၃။ ကြော်မည့် ဒယ်အိုးထဲကို ဆီထည့် အပူပေးပြီး ဆီပူလာလျှင် ခလောက်ထားသော ကြက်ဥကို မွှေကြော်ပါ။ ထို့နောက် ဒယ်အိုးထဲမှ ဆယ်ထားပါ။
၄။ ကြက်ဥကြော်ရ်ျ ကျန်သောဆီဖြင့် ငရုတ်သီးအကြမ်းမှုန့်ကို ထည့်ရ်ျ ဆီသတ်ပါ။ မွှေးလာလျှင် ကြက်သားနှင့် ၀က်အူချောင်းကို ထည့်ကြော်ပါ။ ကြက်သားမှ အရည်များခမ်းသွားလျှင် ပင်လယ်စာများကို ထည့်ကြော်ပါ။ ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း ထည့်ရ်ျ မွှေပါ။
၅။ အသားများကျက်လျှင် ခေါက်ဆွဲဖတ်များထည့်ရ်ျ ကြော်ပါ။ (ခေါက်ဆွဲဖတ်များ နယ်ထားသော ဇလုံထဲမှ အရည်များပါအကုန်ထည့်ပါ။)
၆။ ခေါက်ဆွဲဖတ်များ နှံ့အောင်ကြော်ပြီးမှ ပဲပြုတ်၊ ပဲပင်ပေါက် နှင့် မွှေကြော်ထားသော ကြက်ဥကြော်တို့ကို ထည့်ပါ။


No comments:

Post a Comment

@templatesyard