ကရင်ငပိရည်ကျို


ပါဝင်ပစ္စည်းများ

  • ငပိရည်
  • ငါးခူ
  • ငရုတ်သီးစိမ်း
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • အချိုမှုန့်
  • နနွင်းမုန့်
  • စပါးလင်
  • ခရမ်းချဉ်သီး


ပြင်ဆင်ပြုလုပ်နည်း

1. ငပိရည်ကို ကျိုပါ၊ကျက်ရင် အရိုးစစ်ပြီး နောက်တစ်ကြိမ် ကြိုက်နှစ်သက်ရာ ငါးကိုပါ ရောချက်တာပါ ။
ငါးခူနဲ့ ချက်တာ များပါတယ် ။ငပိရည် ကျိုပြီး ငါးကျက်ရင် ငါးရဲ့ အသားလေးကို နွှာပြီး အရေ သက်သက် ၊ အသား သက်သက် ၊ ဖယ်ထား လိုက်ပါ ။

2. ငရုတ်သီးစိမ်း၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူကို လှော်ပြီးရင် ထောင်း ၊ညက်အောင်ထောင်ပြီးရင် နွှာထားတဲ့ ငါးအသားလေးပါ ရောထောင်းပါ ။

3. ဖယ်ထားတဲ့ ငပိရည်ကို ဆူအောင် နောက်တစ်ခါပြန်ကျို ဆူရင် ထာင်းထားတာလေးတွေထည့် ၊ ခဏလေး မွှေလိုက်ရုံနဲ့ မွေးကြိုင်တဲ့ ငပိရည်ကျို (ဒမလိုက်) လို့ခေါ်တဲ့ကရင်ငပိရည်ကျိုလေးကို ရပါပြီ ။


4. ငပိရည် ကျိုတဲ့ အခါ နနွင်းမုန့်နဲ့ စပါးလင်လေးပါ ထုပြီး ထည့်ပါ ။ခရမ်းချဉ်သီးနဲ့ ငရုတ်သီးစိမ်းကြို ပုတ်ပြီး ထောင်းထည့်လို့လည်း ရပါတယ် ။ (လှော်ပြီး ထောင်းထည့်ရင်တော့ ပိုမွေးပါတယ်။)

ကြိုက်နှစ်သက်သည့် တို့စရာများ နဲ့ စားသုံးရင် ထမင်း အရမ်းမြိန်မှာပါ။


No comments:

Post a Comment

@templatesyard