ဆန်ပြားမုန့်


ပါဝင်ပစ္စည်းများ

  • ဆန်မုန့် ၁၀၀.ဂရမ်
  • ကော်မုန့် (သို့) ပီလောပီနန် မူန့် ၅ဝဂရမ်
  • ရေ ၃၀၀ ml
  • ပုဇွန်ခြောက်သေးသေး ထမင်းစားဇွန်း ၁
  • ဆား လက်ဘက်ဇွန်း ၁
  • တရုတ် နံနံ ၁၀.ပင်
  • ဗန်းနဲ့မုန့်သုတ်ဖို့ ဆီ အနည်းငယ်
  • ကြိုက်ရာဗန်း ၂.ခု

ပြုလုပ်နည်း

1.ဆန် ကော် ဆားအားလုံးကိုရေရောပြီးသမအောင်မွေပေးပြီးနာရီဝက်ထားထားပါ။
2. နှစ်ထပ်ပေါင်းအိုးကိုရေဆူအောင်တည်ထားပါ။
3. မုန့်နစ်ထဲသို့တရုတ်နံနံထည့်မွေပါ။
4.ဗန်းနှစ်ခုလုံးကိုဆီပါးပါးသုတ်ပြီးမုန့်သားပါးပါးလေးခပ်ထည့်၍မုန့်သားများနေရာအနံ့ဖြစ်အောင်ဗန်းလှည့်ပေးပါ ပုဇွန်ခြောက်အနည်းငယ်ထည့်ပါ။
5. ရေပွက်ပွက်ဆူလာရင်မုန့်ဗန်းထည့်ပေါင်းပါ။
6.ပထမဗန်းကျက်လျင် ထုတ်ပြီးဒုတိယဗန်းထည့်ပေါင်းပါ မုန့်နစ်ကုန်တဲ့အထိဒီအတိုင်းလုပ်ပါ။
7.ထုတ်ထားသောမုန့်ဗန်းကိုဘေးနာကနေကော်ထုတ်ပြီးခွာလိုက်ပါတဝက်ရလျင်ခေါက်၍ဆက်ခွာပြီးပန်းကန်ထဲထည့်ပြီးမုန့်သားပေါ်တွင်ဆီပါးပါးသုတ်ပေးပြီး ကျန်မုန့်တွေလည်းဒီအတိုင်းပဲလုပ်ပြီးရပါပြီ။


No comments:

Post a Comment

@templatesyard